Sunday, June 16, 2019

FLEET Mauritius International ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဖိုင်နယ်တက်လှမ်း

မြန်မာနိုင်ငံရဲ့ နာမည်ကြီးကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မောရစ်ရှနိုင်ငံမှာ ကျင်းပနေတဲ့ FLEET Mauritius International 2019 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီးတော့ အမျိုးသမီးတဦးချင်းပွဲစဉ်မှာ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဖိုင်နယ်အဆင့်မှာ ယှဉ်ပြိုင်ရမယ့် ကစားသမားကတော့ သက်ထားသူဇာထက် ကမ္ဘာ့အဆင့် ၂၄ ဆင့်မြင့်တဲ့ ဖင်လန်နိုင်ငံသူ အိုင်ရီမစ်ခီလာ ဖြစ်ပါတယ်။



မစ်ခီလာဟာ နိုင်ငံတကာပွဲအတွေ့အကြုံများပြီး ပွဲပေါင်း ၂၄၄ ပွဲကစားထားရာမှာ ၁၂၆ ပွဲနိုင် ၁၁၈ ပွဲရှုံးနိမ့်ထားပါတယ်။

သက်ထားသူဇာကတော့ လက်တလောကမ္ဘာ့အဆင့် ၁၃၅ မှာရှိနေပြီး ကစားသမား သက်တမ်းတလျှောက် ၄၈ ပွဲကစားရာမှာ ၃၃ ပွဲနိုင် ၁၅ ပွဲရှုံးနိမ့်ထားပါတယ်။

အခုနှစ်ကစားထားတဲ့ နိုင်ငံတကာပွဲတွေမှာတော့ သက်ထားသူဇာက ၁၀ ပွဲနိုင်ပြီး ၂ ပွဲသာ ရှုံးနိမ့်ထားပေမယ့် ဖင်လန်နိုင်ငံသူ မစ်ခီလာကတော့ ၂ ပွဲသာအနိုင်ရထားပြီး ၅ ပွဲရှုံးနိမ့်ထားပါတယ်။

သက်ထားသူဇာကတော့ ထုံးစံအတိုင်းပဲ အစွမ်းကုန်ကြိုးစားသွားဖို့ လူမှုကွန်ရက် ကနေတဆင့် သူ့ရဲ့ ပရိသတ်တွေကို တောင်းဆိုထားခဲ့ပါတယ်။

No comments:

Post a Comment