Sunday, June 16, 2019

သမ္မတမွန်ဂျေအင်နဲ့အတူ ဓာတ်ပုံရိုက်ခဲ့တဲ့ ဂျောင်ဂျေအင်

 ကေပေါ့ပ်အဆိုတော် ဂျောင်ဂျေအင်သည် တောင်ကိုရီး ယားသမ္မတမွန်ဂျေအင်နှင့်အတူ ရိုက်ကူးခဲ့သော ဓာတ်ပုံတစ်ပုံကို လူမှုမီဒီယာတွင် ပို့စ်တင်ခဲ့သည်။ ‘‘ကိုရီးယားနဲ့နော်ဝေးသံတ မန်ဆက်ဆံရေးထူထောင်မှု နှစ် (၆၀)ပြည့်တဲ့အပေါ် ဂုဏ်ယူပါ တယ်။ နိုင်ငံတော်ဧည့်သည်အနေ နဲ့ ကျွန်မကို ဖိတ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရာရာကို မေ့ပျောက်ပြီး စင်ပေါ်မှာ ပရိ သတ်နဲ့ဂီတကိုပဲ အာရုံစိုက်ခွင့်ရ တာက တကယ့်ကိုကောင်းမွန်ပါ တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် ဟာ ကျွန်မအတွက်တော့ ကြီး ကျယ်တဲ့အားပေးထောက်ခံမှုဖြစ် ခဲ့ပါတယ်။ ကျွန်မရဲ့ ဖျော်ဖြေတင် ဆက်မှုတွေကနေတစ်ဆင့် ဂီတ နဲ့ယဉ်ကျေးမှုကို ထုတ်ဖော်ပြသ တဲ့သူတစ်ယောက်အဖြစ် ကျွန်မ ဆက်ရှိနေပါမယ်’’ ဟု အင်စတာ ဂရမ်တွင် ပို့စ်တင်သောဓာတ်ပုံ အညွှန်း၌ ဂျောင်ဂျေအင်က ရေး သားခဲ့သည်။   

No comments:

Post a Comment