Sunday, June 16, 2019

MIU ဖူဆယ်အသင်း ခြေစမ်းပွဲ၌ ထိုင်းကလပ် ဟောင်ရန်းတာကန်ကို ရှုံးနိမ့်

အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲအကြို ယှဉ်ပြိုင်သည့် ခြေစမ်းပွဲတွင် မြန်မာဖူဆယ်ကလပ် MIU အသင်းသည် ထိုင်းဖူဆယ်လိဂ်ကလပ် ဟောင်ရန်းတာကန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။  ဇွန်လ ၁၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယှဉ်ပြိုင်သည့် ယင်းခြေစမ်းပွဲသည်အကြိတ် အနယ်ဖြစ်ခဲ့ပြီး MIU အသင်းကပထမပိုင်းတွင် ဦးဆောင်ဂိုးသွင်း ယူသော်လည်း   ဒုတိယပိုင်း၌ ဟောင်ရန်းတာကန်အသင်းက ချေပဂိုးနှင့်  အနိုင်ဂိုးသွင်းယူကာ အနိုင်ရခဲ့သည်။



MIU အသင်းသည် ဇွန်လ ၁၄ ရက်က ယှဉ်ပြိုင်သည့် ခြေစမ်းပွဲတွင် ဘန်ကောက် BTS  အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အာဆီယံပြိုင်ပွဲအကြိုအဖြစ် ဘန်ကောက်မြို့၌ ယှဉ်ပြိုင်သည့် ခြေ

စမ်းပွဲ နှစ်ပွဲလုံး ရှုံးနိမ့်သော်လည်း အသင်းအတွက် အကျိုးရှိကြောင်းMIU ဖူဆယ်အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ထိုင်းလိဂ်မှာ နာမည်ကြီးတဲ့ အသင်းတွေနဲ့ ခြေစမ်းခွင့်ရတဲ့အတွက် အသင်းအတွက် အကျိုးရှိခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ခံစစ်ပိုင်း အရင်ထက် ကောင်းလာပေမယ့် တန်ပြန်တိုက်စစ်က နေတစ်ဆင့်  ဂိုးသွင်းယူနိုင်မှုတော့ အားနည်းနေသေးတယ်။ ပြိုင်ပွဲမတိုင်ခင် ဒီလိုအပ်ချက်တွေကို ပြင်ဆင်သွားမယ်။ အာဆီယံပြိုင်ပွဲကို အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်’’ဟု MIU ဖူဆယ်အသင်း တာဝန်ရှိသူက ပြောသည်။  ၂၀၁၉ အာဆီယံဖူဆယ် ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကို ဇွန်လ ၁၈ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာခွန်ရစ်ချာ စီးမားကွင်း၌ ကျင်းပမည်ဖြစ် သည်။ MIU အသင်းသည် အုပ်စု (ခ) တွင် ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်း စပေါ့အသင်း၊ မလေးရှားကလပ် မီလာကာအ သင်းတို့နှင့်အတူ ကျရောက်နေသည်။ အုပ်စု (က)တွင် အိမ်ရှင် ထိုင်းကလပ် ချောင်ဘူရီ၊ ဗီယက်နမ်ကလပ်ဆာဗီနက်၊ အင်ဒိုနီးရှားကလပ်ဘလက်စတီးအသင်းတို့ ပါဝင်သည်။

No comments:

Post a Comment