Sunday, June 16, 2019

ဂျပန်နှင့်ပွဲတွင် ဆန်းချက်ဇ် ပါဝင်လာနိုင်

တိုက်စစ်မှူး အ လက်ဆစ်ဆန်းချက်ဇ်သည် ခြေ ချင်းဝတ်ဒဏ်ရာ ပြဿနာမှ ပြန်ကောင်းလာကာ ဂျပန်နှင့်ကစားမည့် ကိုပါအမေရိကပွဲတွင် ပါဝင်လာနိုင်သည်ဟု ချီလီနည်းပြ ရိုင်နယ်ဒိုရူဒါက ပြောသည်။ ဆန်းချက်ဇ်သည် ၄၁ ဂိုးဖြင့် ချီလီထိပ်တန်းဂိုးသွင်းရှင်ဖြစ် ပြီး ကိုပါအမေရိက နောက်ဆုံးနှစ် ကြိမ်ဗိုလ်စွဲရန်အသင်းကို ကူညီ ခဲ့သည်။ သို့သော် ကြံ့ခိုင်မှုပြည့်ဝ ချိန်တွင် အရန်ခုံရောက်ရှိခဲ့ သော မန်ယူ၌ စိတ်ပျက်စရာ ရာသီဖြတ် သန်းခဲ့သည်။



မန်ယူနှင့်ပွဲပေါင်း ၂၀ တွင် ဆန်းချက်ဇ်က တစ်ဂိုးသာသွင်းယူ နိုင်ခဲ့သည်။‘‘သူက ခက်ခဲတဲ့ရာသီကျော်ဖြတ်ခဲ့ရတာပါ။ သူ့အဖို့ခက်ခဲပါတယ်’’ ဟု ရူဒါကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားပြီးမိနစ် ၉၀ ပွဲချိန်ပြည့်ကစားရန် ကြံ့ခိုင်မှု မရှိနိုင်ကြောင်း ၎င်းကဆက်လက် ပြောသည်။

‘‘ပွဲစတင်ကစားနိုင်တဲ့အခြေ အနေတော့ရှိပါတယ်။ မိနစ် ၉၀ ကစားနိုင်မလားဆိုတာကတော့ ဆန်းစစ်ရပါဦးမယ်’’ ဟု ချီလီ နည်းပြက ပြောသည်။

တစ်ဖက်တွင် တိုက်စစ်မှူး ကက်စတီလိုနှင့် ဘယ်နောက် တန်းလူ ဘူဆီဂျွာတို့ ဆော်ပေါ်လို မြို့ မူရမ်ဘီကွင်းတွင် ကစားမည့် ဂျပန်နှင့်ပွဲ ၌ လွဲချော်နိုင်သည်ဟု ဂူဒီက ပြောသည်။ သို့သော် ဘယ်ခြေထောက် ကြွက်သားပြဿနာကြုံနေသော ကက်စတီလိုနှင့် ဘယ်ခြေဖနှောင့် နာနေသော နောက်တန်းလူတို့ မ ကြာမီ လေ့ကျင့်နိုင်မည်ဟု မျှော် လင့်ကြောင်း ချီလီနည်းပြဂူဒီက ပြောသည်။

No comments:

Post a Comment