Sunday, June 16, 2019

အာရှပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ငွေ နှစ်ခု ရရှိ

တရုတ်နိုင်ငံတွင် ကျင်းပသည့် အာရှပိုက်ကျော်ခြင်း ချန်ပီယံရှစ် ဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်းက ငွေတံ ဆိပ် နှစ်ခု ဆွတ်ခူးခဲ့သည်။  အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပခဲ့ပြီး  မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်းအ သင်းက သုံးယောက်တွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲ နှစ်ခု၌ ၀င်ရောက်ယှဉ်ပြိုင်ပြီး ငွေတံဆိပ် တစ်ခုစီ ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။



အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းက ဂျပန်၊မလေးရှားနှင့် အိမ်ရှင် တရုတ်အသင်းတို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် မြန်မာအမျိုးသမီး အသင်းသည် ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ပြီး ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ ရသည်။

အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက မလေးရှား၊ ဖိလစ်ပိုင်နှင့် အိန္ဒိယအသင်းတို့ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့သော်လည်း ထိုင်းအသင်းကို ရှုံးနိမ့်ပြီး ငွေတံဆိပ်သာ ရရှိခဲ့သည်။

ပထမအကြိမ် အာရှပိုက်ကျော်ခြင်း ချန်ပီယံရှစ် ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင်တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မလေးရှားစသည့်နိုင်ငံတို့မှ ပြိုင်ပွဲဝင် ၂၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်း အသင်းတွင် အေးအေးသန်း၊ ဆုမွန်ကျော်၊ ယမုံဇင်၊ စုမြတ်မိုးတို့ ပါဝင်သည်။  မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်သည် နိုဝင်ဘာအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် ၂၀၁၉အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း) အတွက် ပဏာမကစားသမားများ ရွေးချယ်ကာ နေပြည်တော်၌ စခန်းသွင်း လေ့ကျင့်နေပြီး နိုင်ငံတကာဖိတ်ခေါ် ပြိုင်ပွဲများလည်း ၀င်ရောက် ယှဉ်ပြိုင်နေသည်။

No comments:

Post a Comment