Sunday, June 16, 2019

လူအချို့အသတ်ခံရသဖြင့် လန်ဒန်မြို့တော်ဝန်အား မကောင်းဆိုးဝါးဟု ထရမ့်ပြော

လန်ဒန်မြို့တော်မှာ လူအချို့ အသတ်ခံရပြီးနောက် မြို့တော်ဝန် ဆာဒစ်ခန်းအား မကောင်းဆိုးဝါးလို့ အမေကန်သမ္မတထရမ်က ခေါ်ဝေါ်သမုတ်လိုက်ပါတယ်။ ဗြိတိန်မြို့တော် လန်ဒန်မှာ နာရီ ၂၀ အတွင်း လူ ၃ ယောက် အသတ်ခံရအပြီးမှာ ထရမ့်က လန်ဒန်မြို့တော်ဝန်ကို တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ မေ ၁၅ ရက်နေ့က ခုလို ပြောလိုက်တာပါ။ လက်ယာယိမ်း ရုပ်သံသတင်း အစီရင်ခံသူ ကေတီ ဟော့ပ်ကင်းက လန်ဒန်ကို ဓားထိုးမှု မြို့လို့ ရေးခဲ့တဲ့ တွစ်တာပေါ်က စာကို ထရမ့်က ထပ်ဆင့်မျှဝေရင်း ဒါဟာ ခန်းရဲ့ လန်ဒန်နစ္စတန်ပဲ လို့ ရေးပါတယ်။



လန်ဒန်မြို့အတွင်း မွတ်စလင် အစွန်းရောက်တွေကို ကိုင်တွယ်မှု မအောင်မြင်တာကို ရည်ညွှန်း ရေးသားခဲ့တာပါ။

“လန်ဒန်ဟာ မြို့တော်ဝန် အသယောက် အမြန်ဆုံး လိုနေတယ်။ ခန်းက မကောင်းဆိုးဝါးပဲ။ အခြေအနေက ပိုဆိုးဖို့ပဲ ရှိတယ်” လို့ ထရမ့်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။

ပါကစ္စတန် နွယ်ဖွား မွတ်စလင် ခန်းကို ထရမ့်က ဒီလအစောပိုင်းမှာ ကျောက်တုံးလို သွေးအေးတဲ့ အရှုံးသမားလို့ ခေါ်ခဲ့ပါသေးတယ်။

ထရမ့်ကို နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ် ဖိတ်ကြားခဲ့တဲ့အတွက် ဗြိတိန်အစိုးရကို ခန်းက ဝေဖန်ခဲ့ပါတယ်။ ထရမ့်ကိုလည်း ၂၀ ရာစု ဖက်ဆစ်လို့ နှိုင်းယှဉ် ပြောဆိုခဲ့ပါတယ်။

ခန်းဟာ မွတ်စလင်နိုင်ငံတွေက ခရီးသွားတွေကို ပိတ်ပင်တဲ့ ထရမ့်ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့သလို ထရမ့်ကလည်း လူ ၁၁ ယောက် သေဆုံးခဲ့တဲ့ လန်ဒန်တံတား တိုက်ခိုက်မှုမှာ ဖြေရှင်းပုံအတွက် ခန်းကို ၂၀၁၇ တုန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

No comments:

Post a Comment