Sunday, June 16, 2019

အနုပညာရှင်တွေအသုံးချခံရတဲ့အကြောင်း ရင်ဖွင့်ပြောကြားတဲ့ မက်ဒေါနား

သမ္ဘာရင့်အဆို တော်မက်ဒေါနားက ၎င်း၏အနု ပညာအလုပ်အစပိုင်းတွင် လိင်မှု ကိစ္စအတွက် စံချိန်တင်ငွေပမာ ဏပေး၍ ကမ်းလှမ်းခံခဲ့ရပုံကို ထုတ်ဖော်ပြောကြားပြီး အနုပညာ လောကသို့ဝင်ရောက်လာသူများ အသုံးချခံရကြောင်း ပြောကြား သည်။ ရုပ်ရှင်ကြယ်ပွင့်တစ်ဦးဖြစ် နေပြီး ဇာတ်ကားတစ်ကားတွင် ပါဝင်လိုပါက အမျိုးသမီးများကို နှိမ့်ချဆက်ဆံရန် ၎င်းတို့တွင်ရှိ သော အခွင့်အာဏာကို အလွဲသုံး စားအသုံးချလိုသော အမျိုးသား အများစုပါဝင်သည့် လူများစွာရှိ ပြီး ၎င်းတို့ကို မတို့ထိနိုင်ဘဲရှိနေ ကြောင်း မက်ဒေါနားက ပြော သည်။၎င်း၏အနုပညာသည်ဘ၀ အစတွင် လိင်မှုကိစ္စအတွက် စံ ချိန်တင်ငွေပေး၍ ကမ်းလှမ်းမှု မရေတွက်နိုင်အောင်ရှိသော် လည်း လက်မခံဘဲပယ်ချခဲ့သည် ဟု မက်ဒေါနား (၆၀)နှစ်က ပြော ပြီး ဂီတလောကမှအမျိုးသမီးများ အနေဖြင့် ၎င်းတို့ကြုံတွေ့ရမှုများ ကို ပိုမိုပွင့်လင်းစွာထုတ်ဖော်ပြော စေလိုသည်ဟု ပြောသည်။ ‘‘ကိုယ့်လုပ်ပိုင်ခွင့်အာဏာ ကို အလွဲသုံးစားလုပ်နေတဲ့လူ တွေ နေရာတိုင်းမှာရှိတယ်။ ရုပ် ရှင်နဲ့ ဂီတလောကလောက်မှာပဲ မဟုတ်ဘဲနဲ့ ဘ၀ရဲ့နယ်ပယ်အား လုံးမှာရှိနေတယ်’’ ဟု မက်ဒေါ နားက Guardian သတင်းစာသို့ ပြောကြားသည်။

No comments:

Post a Comment