အဆောက်အဦတွေကို သတ်မှတ်အရည် အသွေး ပြည့်မီအောင် တည်ဆောက်ရန်၊ အိမ်ရာအတွင်း ရေနုတ်မြောင်းတွေ၊ တံတားတွေ စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်၊ စစ်မှုထမ်းဟောင်းတွေနဲ့ မိသားစုတွေ အသိအမြင် တိုးပွားစေဖို့အတွက် ခေတ်မီစာကြည့်တိုက် တလုံး ထည့်သွင်း တည်ဆောက်ရန်၊ ကလေးငယ်တွေအတွက် ကစားကွင်းနဲ့ အပန်းဖြေနေရာတွေ ထည့်သွင်း တည်ဆောက်ရန်နဲ့ အရိပ်ရလေကာပင်တွေ စနစ်တကျစိုက်ပျိုးရန်တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသွားတယ်လို့ လည်း ဆိုပါတယ်။
အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှု ထမ်းဟောင်းအိမ်ရာမှာ ၂ဝ၁၇ ခုနှစ်က တပ်မတော်အခြား အဆင့်နေအိမ် (၂)ခန်းတွဲ(၆)ထပ် ၇ လုံး ဆောက်လုပ်ပြီးစီးသွားပြီး ၂ဝ၁၈ ခုနှစ်မှာ အခြားအဆင့် နေအိမ်(၂)ခန်းတွဲ (၆)ထပ် ၃ လုံးအား ထပ်မံတည်ဆောက် နေရာမှာ ၃ဝ ရာခိုင်နှုန်းလောက် ပြီးစီးသွားပြီလို့ သိရပါတယ်။
No comments:
Post a Comment