Healthy Seas ဟာ ဂရိနိုင်ငံမြောက်ပိုင်း ပင်လယ်ပြင်၊ အေဒရီယက်တစ် ပင်လယ်နဲ့ မြေထဲပင်လယ်ပြင်မှာ အမှိုက်ရှင်းလင်းရေး ဦးဆောင်လှုပ်ရှားနေတဲ့ အဖွဲ့ပါ။
Healthy Seas အဖွဲ့ဟာ ၂၀၁၃ ကတည်းက ပင်လယ်ကြမ်းပြင်တွေကနေ စွန့်ပစ်ထားတဲ့ ငါးဖမ်းပိုက် တန်ချိန်ပေါင်း ၄၅၃ တန်ကို ဖယ်ရှားပေးခဲ့ပြီးပါပြီ။
ပလတ်စတစ်တွေဟာ နှစ်တော်တော်ကြာတဲ့အထိ မဆွေးမြည့် မပျက်စီးနိုင်ပါဘူး။ သူတို့ဟာ ပင်လယ်ထဲမှာ နှစ်ရာချီ ရှိနေနိုင်တာကြောင့် အခုလို ဖယ်ရှား ရှင်းလင်းကြတာပါ။
နှစ်စဉ်နှစ်တိုင်း တန်ချိန် ခြောက်သိန်းလေးသောင်းကျော်ရှိတဲ့ ငါးဖမ်းပိုက်တွေ ပင်လယ်ထဲကို စွန့်ပစ်ကြတယ်လို့ Healthy Seas အဖွဲ့က ပြောပါတယ်။
ဂရိနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသဟာ ပင်လယ်လိပ်၊ ဖျံနဲ့ လင်းပိုင် အပါအဝင် မျိုးတုန်းလုနီးပါး အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ သတ္တဝါတွေ အဓိကကျက်စားတဲ့ နယ်မြေပါ။
ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ တရားလွန် ငါးဖမ်းမှုတွေကြောင့် စထရာတိုနီဒေသက Seahorse ငါးမျိုးစိတ်ဟာ စားကျက်မြေ ဆုံးရှုံးမယ့်ဘေးကို ရင်ဆိုင်နေရပါတယ်။
No comments:
Post a Comment