
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ကြည်ရွာအရေးအခင်း ၁၆ နှစ်ပြည့် အောက်မေ့ဘွယ် အထိမ်းအမှတ်ကို အခင်းဖြစ်နေရာတွင် ယနေ့ (မေ ၃၀ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အောက်မေ့ဘွယ် အခမ်းအနားများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြန်ကြားရေးတာဝန်ခံ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးမြင့်ကြည်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ ဇနီး၊ ဒီပဲယင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် နိုင်ငံရေး တက်ကြွသူများက တက်ရောက်ခဲ့ကြပြီး ယင်းနေရာတွင် အလေးပြုခြင်း လွမ်းသူပန်းခွေ ချခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment