
ကိုရီးယားအမျိုးသား အဆိုရှင်အဖွဲ့ MONSTA X က ၎င်းတို့၏ အင်္ဂလိပ်သီချင်းခွေ အသံသွင်းရန်နှင့် ကိုရီးယားနိုင်ငံ ပြင်ပတွင် ဖြန့်ချိရန် Epic Records ကုမ္ပဏီနှင့်စာချုပ်ခဲ့ သည်။ Epic မိသားစုတွင် ပါဝင် နိုင်သဖြင့် အလွန်အားရကျေ နပ်ကြောင်းနှင့် အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်လာခြင်းဖြစ် ကြောင်းဟု အမျိုးသားအဖွဲ့၏ Star Ship ဖျော်ဖြေရေးအုပ်စုက ပြောကြားသည်။ Epic Record နှင့် လက်တွဲ ထားသူများတွင် Dj Khaled, 21 Savage, ကာမီလာကာဘယ်လို၊ ဂျနီဖာဟက်ဒ်ဆင် စသောအနု ပညာရှင်များပါဝင်သည်။ MONSTA X အဖွဲ့သည် ၎င်းတို့၏ ၂၀၁၉ ကမ္ဘာ့ဖျော်ဖြေ ရေးခရီးစဉ် ‘We Are Here’ ကိုပြီး ခဲ့သည့်လက ဆိုးလ်မြို့တွင် စ တင်ခဲ့ပြီး နိုင်ငံခြားဖျော်ဖြေမှုများ ကို ဇွန်လ ၁ ရက်တွင်ဘန်ကောက် မြို့၌ စတင်မည်ဖြစ်သည်။ ၎င်းတို့ အဖွဲ့ သည် အာရှ၊ သြစတြေးလျ၊ ဥရောပ၊ တောင်အမေရိက၊ မြောက်အမေရိကသို့လည်း သွား ရောက်ဖျော်ဖြေမည်ဖြစ်သည်။
No comments:
Post a Comment