အရေးယူမည်ဟု ထုတ်ပြန်ထားသည့် ဆင့်ပွားဖြန့်ချိရေးစနစ် (Multi Level Market-ing) လုပ်ငန်းများမှ ကုမ္ပဏီအချို့ ဆက်လက်လုပ်ကိုင်နေသဖြင့် အသွင်ယူဖမ်းဆီးနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။ ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် အစိုးရ တတိယတစ် နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် 7 Day Daily က မေးမြန်းရာ
‘‘၀န်ကြီးဌာနအနေနဲ့ အသွင်ယူပြီးတော့မှ စုံစမ်းပြီးတဲ့ အခါကျတော့ ဒီသက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ကျွန်တော်တို့ သွားရောက်ပြီးမှ ဖမ်းဆီးမှုရှိပါတယ်’’ ဟု ၎င်းက ပြန်လည်ဖြေကြား သည်။ လက်ရှိထိ ကုမ္ပဏီတစ်ခုကို အရေးယူထားသည်ဟုသာ ထုတ်ပြောပြီး အသေးစိတ်အချက်အ လက်များကိုမူ မကြာမီ ထုတ်ပြန်ပေးမည်ဟုသာ ဦးအောင်ထူးက ပြောသည်။
၂၀၁၈ စက်တင်ဘာက ဆင့်ပွားဖြန့်ချိရေးစနစ် (MLM) လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ပါက အရေးယူမည်ဟု အစိုးရက သတိပေးထားသည်။ ‘‘MLM စနစ်တွေဆိုရင် နိုင်ငံအနှံ့အပြားမှာ အသုံးပြုနေပြီး တော့မှ တချို့ပုဂ္ဂိုလ်များက ထိခိုက်နစ်နာမှု ရှိခဲ့တာကို တွေ့ရပါတယ်။ MLMနဲ့ပဲ အစုတွေကို စုပြီးတဲ့အခါကျတော့ ပြန်ခွဲယူတဲ့ စနစ်တွေလည်း ပေါ်ပေါက်လာတဲ့အ တွက်ကြောင့် MLM ကို တားမြစ်ခဲ့ခြင်းဖြစ်ပါတယ်’’ ဟု ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။
No comments:
Post a Comment