
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၅၃ (တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ပြည်သူ့ဝန်ထမ်းကို ဟန့်တားရန် လက်ရောက် ကျုးလွန်ခြင်း သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုခြင်း)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ညစ်ညမ်း ပြောဆိုမှု) တို့ဖြင့် မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးက တရားလိုပြုလုပ်၍ လည်းကောင်း၊ မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၆၅ ဖြင့် ယာဉ်ထိန်းရဲက တရားလိုပြုလုပ်၍ လည်းကောင်း မေ ၂၈ ရက်က အသီးသီး တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
“နိုင်လွတ်လုံ ၁၀၊ ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)၊ ပြစ်မှုပုဒ်မ ၂၅၃၊ ၂၉၄ မော်တော်ယာဉ်ဥပဒေနဲ့ တရားစွဲတာပါ။ မီးသတ်က ရဲစခန်းသွားပြီး အမှုဖွင့်တဲ့အခါမှာ ဖြစ်စဉ်တွေကို ပြောပြတယ်။ ပြောပြလိုက်တဲ့ ဖြစ်စဉ် အပေါ်မှာ တပ်လို့ရတဲ့ ပုဒ်မတွေကို ရဲအမှုစစ်နဲ့ စခန်းမှူးကနေပြီးတော့မှ ဘယ်ပုဒ်မတွေနဲ့ စွဲသင့်လဲဆိုတာ ဥပဒေတွေနဲ့ ကိုးကားပြီးတော့ ပုဒ်မတွေ တပ်တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရွှေပြည်သာ စက်မှုဇုန် (၁) မီးသတ် ရုံးရှေ့တွင် ရပ်နားထားသောကားကို ဖယ်ခိုင်းရာမှ ကားပိုင်ရှင် ဆရာဝန် အမျိုးသမီးနှင့် မီးသတ်ဝန်ထမ်းများ စကားများမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းဆရာဝန် အမျိုးသမီးက ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး အပါအဝင် မီးသတ်ဝန်ထမ်း ၁၀ ဦးကို ပုဒ်မ ၃၅၄ (ကိုယ်ထိလက်ရောက် ကျူးလွန်မှု)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု)၊ ပုဒ်မ ၅၀၉ (ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်ပြောဆိုမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ခြင်းကို အားပေးကူညီမှု) စသည့် ပုဒ်မလေးခုဖြင့် မေ ၂၅ ရက်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment