Pages
Thursday, May 30, 2019
တရုတ်ကို ပိတ်ဆို့မှုချမှတ်ဖို့ ကန် ကို HRW တိုက်တွန်း
အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွဲနေချိန် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က တရုတ်နိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဆက်လက်အရေးယူဖို့ တိုက်တွန်းနေပါတယ်။ HRW က တရုတ်နိုင်ငံဟာ အစ္စလာမ်ဘာသာဝင်တစ်သန်းကို ရှင်ကျန်းပြည်နယ်မှာ ဖမ်းဆီးဖိနှိပ်နေတာကြောင့် အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ရှင်ကျန်းပြည်နယ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ အပါအ၀င် တရုတ်အရာရှိတချို့ကို မနှစ်က ပစ်မှတ်ထားအရေးယူတာတွေပြုလုပ်ခဲ့ပေမယ့် ပြန်လည်ရုပ်သိမ်းခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့လကတော့ အမေရိကန်လွှတ်တော်တွင်း ပါတီနှစ်ရပ်လုံးက ကိုယ်စားလှယ်တွေပါဝင်တဲ့အဖွဲ့က အစ္စလာမ်ဘာသာဝင်တွေအပေါ် ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေ၊ တရုတ်ကုမ္ပဏီတွေကို အမေရိကန်နိုင်ငံက တည်ဆဲဥပဒေအရ ပစ်မှတ်ထား အရေးယူမှုတွေပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment