လက်ရှိအသင်းဟာ မိမိကိုင်တွယ်ခဲ့သမျှ အသင်းတွေထဲမှာ အကောင်းဆုံးဖြစ်ပြီး လီဗာပူးထက်ကောင်းတဲ့ အသင်းတသင်းနဲ့ ဗိုလ်လုပွဲ မရောက်ခဲ့ဖူးဘူးလို့ ကလော့ပ်က ဆိုလိုက်တာပါ။
ဂျာမန်နည်းပြ ကလော့ပ်ဟာ ၂၀၁၃ ခုနှစ်က ဒေါ့မွန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ခဲ့ဖူးပေမယ့် ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
၂၀၀၄ ခုနှစ်က မိန့်ဇ်အသင်းကို တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာက မိမိရဲ့ အကြီးမားဆုံး အခိုက်အတန့်ဖြစ်ပြီး အခုချိန် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင် ၂၀၀၄ ခုနှစ်က အောင်မြင်မှုကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကလော့ပ်က ဆက်ပြောခဲ့ပါတယ်။ ကလော့ပ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သုံးကြိမ်မြောက် ကိုင်တွယ်မှာဖြစ်ပေမယ့် ဆုဖလားရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။
No comments:
Post a Comment