Season 4 မှာ ပြန်စဉ်းစားတာကျတော့ 2 နဲ့ 3 မှာ လုပ်ခဲ့ပြီးအောင်မြင်ခဲ့ပြီ၊ 4 မှာ ဆက်လုပ်တဲ့အခါ ဒီလိုမျိုး အောင်မြင်ပါ့မလား။ ကိုယ့်ကိုယ် ကိုယ်ပြန်မေးရတယ်။ အဆင်မ ပြေမှာလည်းစိုးရိမ်တယ်။ ဒါပေမဲ့ ဒါတွေကလည်း လက်တွေ့ကြုံမှ သိတာဆိုတော့လေ။ မိသားစုက တော့ အစ်မအလုပ်လုပ်မယ်ဆို လက်ခံပါတယ်။ စဉ်းစားမယ်ဆို တာလည်း ဒါတွေပဲပြောတာပါ’’ ဟု ၎င်းကပြောသည်။
Myanmar Idol Season 2 နှင့် 3 တွင် ဒိုင်အဖြစ် ဆောင်ရွက် ပြီးဖြစ်သောကြောင့် အတွေ့အ ကြုံရပြီဖြစ်သကဲ့သို့ ၎င်းကိုယ်တိုင် Myanmar Idol ၏ ပရိသတ်တစ် ဦးအနေဖြင့် Season 4 တွင် မည် သို့ဖြစ်လာမည်ကို မျှော်လင့်မိ ကြောင်း တင်ဇာမော်က ပြော သည်။‘‘Myanmar Idol ကတော့ Season 4 ထိ ချီတက်လာကြပြီ။ ဘယ်လိုမျိုးပြိုင်ပွဲဝင်တွေလာကြ မလဲ၊ ဘာတွေဆက်ဖြစ်မလဲ။ သိ ချင်ပါတယ်။ ပရိသတ်တစ် ယောက်အနေနဲ့ စိတ်ဝင်စား တယ်။သူတို့ရဲ့ အောင်မြင်မှုကို လည်း ဒီနေရာကနေ ဂုဏ်ယူ တယ်လို့ အစ်မပြောချင်တယ်။ Team တစ်ခုလုံးအနေနဲ့ အလုပ် လုပ်ကြတယ်။ အစ်မကိုယ်တိုင် လည်း သူတို့နဲ့ အလုပ်လုပ်ခဲ့ဖူး တော့သိတယ်။ သူတို့အရမ်းကြိုး စားကြတယ်။ အောင်လည်း အောင်မြင်ပါတယ်။ ဒါပေမဲ့ အ မျိုးမျိုးတော့ ရှိတာပေါ့နော်။ ပရိ သတ်ဆိုတာ ကျေနပ်တဲ့သူရှိ တယ်၊ ကြိုက်တဲ့သူရှိမယ်၊ မ ကြိုက်တဲ့ သူရှိမယ်။ ဒါကတော့ သဘာဝပဲ။ အနုပညာရှင်တွေ အနုပညာနဲ့ ပတ်သက်ပြီး အလုပ် လုပ်တဲ့သူတွေ အားလုံးရင်ဆိုင်ရ တဲ့ ထုံးတမ်းစဉ်လာတစ်ခုပါ’’ ဟု ၎င်းကပြောသည်။
၎င်းကိုယ်တိုင် သီချင်းပြိုင်ပွဲ မှ ဂီတလောကထဲသို့ ရောက်လာ သူဖြစ်သောကြောင့် ဝါသနာရှင် မျိုးဆက်သစ်များကို အားပေး ကြောင်း တင်ဇာမော်က ဆို သည်။
‘‘တံခါးပေါက်တစ်ခု၊ အခွင့် အလမ်းတစ်ခုအနေနဲ့ ဝါသနာပါ တယ်၊ ကိုယ်ယုံကြည်တယ်ဆို ယုံကြည်ချက်အပြည့်နဲ့ ကိုယ့်ရဲ့ အစွမ်းအစကို အားလုံးအရှေ့မှာ မကြောက်မရွံ့ဘဲနဲ့ ထုတ်ပြဖို့အ တွက် မျိုးဆက်သစ်တွေအားလုံး ကို တိုက်တွန်းအားပေးချင်တယ်။ အမြဲတမ်းလည်း ကိုယ့်ကိုယ်ကိုယ် ကြိုးစားနေဖို့၊ ဖြည့်ဆည်းနေဖို့၊ လေ့လာနေဖို့ ပြောချင်ပါတယ်’’ ဟု ၎င်းကပြောသည်။ လက်ရှိတွင် သီချင်းသွင်းနေ ပြီး ရှေ့နှစ်တွင် ထွက်ရှိနိုင်ရန် မှန်းထားကြောင်း၊ ယခင်ကထက် ပြောင်းလဲမည့် ပုံစံများပါဝင်မည် ဖြစ်သော်လည်း ၎င်းအကြိုက်နှင့် ပရိသတ်အကြိုက် ထပ်တူကျရန် မျှော်လင့်ကြောင်း တင်ဇာမော်က ပြောသည်။
Myanmar Idol Season 4 Result Live
ReplyDeleteMyanmar Idol Season 4 Live
Pakistan Education News Read Online Books NTS Results
https://itnewsnet.com