အမျိုးသမီးလိဂ် အ မှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၂) တွင် အားကာသိပ္ပံအသင်း နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယား ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နေ သည်။ မေလ ၂၇ နှင့် ၂၈ ရက်တွင် သက်ဆိုင်ရာကွင်းများ၌ ယှဉ်ပြိုင် သည့် အမျိုးသမီးလိဂ်ပွဲစဉ် (၁၂) တွင် အားကာသိပ္ပံ၊ မြဝတီနှင့် YREO အသင်းတို့ကပြိုင်ဘက်အ သင်းများကို အသီးသီးအနိုင်ရရှိ သည်။ သစ္စာအားမာန်နှင့် ဇွဲကပင် အသင်းပွဲစဉ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဒိုင်လူကြီး၊ ပြိုင် ပွဲကြီးကြပ်နှင့် နှစ်ဖက်အသင်း သ ဘောတူညီမှုအရ ပွဲကိုရပ်နားခဲ့ သည်။ အဆိုပါပွဲတွင် ၅၉ မိနစ်အ ထိ ယှဉ်ပြိုင်အပြီး သစ္စာအားမာန် က ဇွဲကပင်ကို ၂-၀ ဂိုးဖြင့် အနိုင် ရရှိထားပြီး
ကျန်ရှိသည့် ပွဲချိန် ၃၁ မိနစ်ကို ပြန်လည်ယှဉ်ပြိုင်မည့်နေ့ ရက်၊အချိန်၊ ကွင်းကိုမကြာမီ ကြေညာမည်ဖြစ်ကြောင်း လိဂ် ကော်မတီက သတင်းထုတ်ပြန် သည်။ တောင်ဒဂုံကွင်း၌ ယှဉ် ပြိုင်သည့်ပွဲတွင် ထိပ်ဆုံးမှ အား ကာသိပ္ပံအသင်းက ဂန္ဓမာအသင်း ကို ခြေစွမ်းအသာဖြင့် ဖိအားပေး ကစားပြီး ၇-ဝ ဂိုးဖြင့် ဂိုးပြတ်အ နိုင်ရရှိသည်။ အခြားပွဲစဉ်များတွင် မြဝတီ က အားကစားနှင့် ကာယပညာ ဦးစီးဌာနအသင်းကို ၃-၁ ဂိုး၊ YREO က တက္ကသိုလ်အသင်းကို ၅-၂ ဂိုး တို့ဖြင့် အနိုင်ရရှိသည်။
၂၀၁၈-၁၉ အမျိုးသမီးလိဂ် ပွဲစဉ် (၁၂) အပြီးတွင် အားကာ သိပ္ပံအသင်းနှင့် မြ၀တီအသင်း သည် ရမှတ် ၃၁ မှတ်စီ တူညီနေ သော်လည်း ဂိုးကွာခြားချက် အ သာရသည့် အားကာသိပ္ပံက ပထမ၊ မြ၀တီက ဒုတိယနေရာ၌ ရပ်တည်နေသည်။ ယခုနှစ် အမျိုးသမီးလိဂ် အ မှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် လက်ကျန်နှစ်ပွဲသာ ကျန်ရှိပြီး ပွဲစဉ် (၁၃) ပွဲများကို ဇွန်လ ၁ ရက်နှင့် ၂ ရက်တွင်ဆက်လက် ကျင်းပမည်ဖြစ်သည်။
No comments:
Post a Comment