ဆုဩချယ်၏ ရုပ်အလောင်း ကို ၎င်း၏ နေအိမ်မှ ရေဝေး သုသာန် အအေးတိုက်သို့ ပို့ ဆောင်ရာတွင် သရုပ်ဆောင် ထားထက်ထက်က နိဗ္ဗာန်ယာဉ် မောင်းပို့ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်း ရန်ကုန်က သတင်းထုတ်ပြန်ထားသည်။
ဆုဩချယ်သည် မကွယ်လွန်မီအထိ ဇာတ်ညွှန်းများ ရေးသား ခဲ့ပြီး သရုပ်ဆောင်အနေဖြင့် ‘မုဒြာရဲ့ခေါ်သံ’၊ ‘ပဉ္စလက်ရွာ’ စသည့် ဇာတ်ကားများတွင် ပါဝင်ခဲ့ဖူးကာ ရင်းနှီးသည့် အနုပညာလောက သားများက ၎င်းကို ဆရာမဟု ခေါ်လေ့ရှိသည်။ ဇာတ်ညွှန်း ဆုဩချယ်ကွယ် လွန်သည့်အပေါ် ဝမ်းနည်းစိတ် မကောင်းဖြစ်ရကြောင်း အနု ပညာရှင်များက ၎င်းတို့၏ လူမှု ကွန်ရက်စာမျက်နှာများတွင် ရေး သားထားသည်။
No comments:
Post a Comment