Thursday, May 30, 2019
ၾသစေၾတးလ် အစိုးရအဖွဲ့တွင် အမျိုးသမီး ဝန်ကြီးဦးရေ စံချိန်တင်မြင့်တက်
သြစတြေးလျ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရာမှာ အမျိုးသမီးဝန်ကြီး ဦးရေဟာ ဒီနှစ်မှာ စံချိန်တင် မြင့်မားခဲ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေးမှူး ပီတာကို့စ်ဂရူးဗ်ဟာ သြစတြေးလျဝန်ကြီးချုပ် စကော့တ် မောရစ်ဆင်နဲ့ သူ့အစိုးရအဖွဲ့အတွင်း မေလ ၂၉ ရက်က ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။ ကင်ဘာရာမြို့ အစိုးရအိမ်တော်မှာလုပ်တဲ့ အခမ်းအနားအတွင်း ကန်ဝတ်လည်း တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ရင်း သြစတြေးလျရဲ့ ပထမဆုံး အဘောရီးဂျင်း တိုင်းရင်းသားဝန်ကြီး ဖြစ်လာပါတယ်။ စစ်တပ်ရဲ့ အရန်တပ်ရင်းမှာ အနှစ် ၃၀ နီးပါး လုပ်သက်ရှိသူ လင်ဒါ ရေးနော့တ်ကတော့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာတာပါ။ နိုင်ငံခြားရေးဝန်ကြီး မရိစ်ပိန်းရဲ့ ရာထူးက ဘဏ္ဍာရေးဝန်ကြီး ဂျော့ခ်ျ ဖရိုင်းတန်းဘာ့ဂ် နည်းတူ အပြောင်းအလဲမရှိဘဲ ဆက်ပြီး တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment