
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တိုက်စစ်မှူး ဖာမီနို ပါဝင်ကစားနိုင်မှာ ဖြစ်တယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။ ဖာမီနိုဟာ ပေါင်ဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ ပွဲစဉ် ၄ ပွဲကို လွဲချော်ထားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ဒဏ်ရာ ပျောက်ကင်းနေပြီ ဖြစ်တဲ့အပြင် ကြံ့ခိုင်မှုလည်း ကောင်းမွန်လာပြီဖြစ်လို့ ဗိုလ်လုပွဲမှာ ပါဝင်နိုင်မယ်လို့ နည်းပြ ကလော့ပ်က အတည်ပြုခဲ့တာပါ။
ဖာမီနိုဟာ အခုနှစ်ဘောလုံးရာသီမှာ အသင်းအတွက် စုစုပေါင်း ၄၇ ပွဲ ကစားခဲ့ပြီး ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ကွင်းလယ်ကစားသမား နာဘီကီတာကတော့ ဗိုလ်လုပွဲမှာ ပါဝင်ကစားဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ကလော့ပ်က အတည်ပြုခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ လာမယ့် ဇွန်လ ၂ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment