ခိုက်ရန်ဖြစ်ပွားနေတဲ့ လူငယ်တွေက ရဲတပ်ဖွဲ့ဝင်တွေကို သံတုတ်တွေနဲ့ ပြန်လည် ခုခံရိုက်နှက်ခဲ့တဲ့ အတွက် လုံးထွေးဖမ်းဆီးခဲ့ရပါတယ်။
ခိုက်ရန်ဖြစ်သူတွေက သံတုတ်တွေနဲ့ ရိုက်နှက်လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး နဲ့ အရန်မီးသတ်မိုးဝေ တို့ ဦးခေါင်းနဲ့ လက်မှာ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ရပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဖြိုးမောင်မောင် (ခ) ရဲလင်း အပါအ၀င် ၈ ဦးကို အောင်ပင်လယ်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၃၃၊ ၃၃၂၊ ၃၂၅၊ ၁၁၄ (တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းကို ပြင်းထန် နာကျင်စေမှု၊ အားပေးကူညီမှု) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
No comments:
Post a Comment