
ကျမဒီ သုဝဏ္ဏ ဗိုလ်ချုပ်ရွာ VIP1 မှာနေတာ ၁၀ စုနှစ်တစ်ခုရှိပါပီ.. တစ်ခါမှသူခိုးဝင်တယ်ဆိုတာကြုံလည်းမကြုံဘူး။ ကြားလည်း မကြားဖူးဘူး။ အတင့်ရဲစွာ ဝင်ခိုးရဲတဲ့ခေတ်ကြီးပါလား။
အင်မတန်သတိထားကြပါလို့။ ကိုယ်တွေရပ်ကွက်ကလုံခြုံတယ်။ အိမ်သားတွေလည်း အိမ်မှာရှိတယ် ဆိုပြီး သတိလက်လွတ် မနေကြပါနဲ့။ ခုခေတ်ကခေတ်ပျက်နေတာ။ လစ်ရင်ခိုးမယ်။ မိရင်သတ်ပြီးအကုန်ယူသွားမှာ။
ကလေးလူကြီးမရွေး သတ်နေကြတဲ့ ခုခေတ် သူခိုးတွေရန် သတိထားကြပါလို့။ အိမ်အပြင်မှာ အသံကြားရင်တောင် ချက်ချင်းမထွက်ပဲ နီးစပ်ရာတစ်ခုခုကို အကြောင်းကြားသင့်ပါတယ်။ပထမတော့ပို့စ်တင်ဖို့ အစီအစဉ်မရှိဘူး။ ဒါပေမယ့် ကျန်တဲ့သူတွေ သတိရှိဖို့ ရည်ရွယ်ပြီး တင်လိုက်တာပါ။
No comments:
Post a Comment