Save Monywa အဖွဲ့ ဦး ဆောင်သူ ကိုအောင်နေမျိုးက ‘‘သူတို့ သစ်ပင်ခုတ်ရတဲ့အ ကြောင်းပြချက်က လမ်းနဲ့မလွတ် လို့ရယ်၊ လမ်းမျက်ကွယ်ဖြစ်နေ လို့ဆိုပြီး ခုတ်တာပါ။ ယာဉ်တိုက် မှုဖြစ်ရတဲ့ဟာကလည်း လူတွေ စည်းကမ်းမရှိလို့။ သတ်မှတ်ထား တဲ့နှုန်းထက်ပိုမောင်းတယ်။ မူးပြီး မောင်းတယ်။ ဆိုင်ကယ်မောင်းရ မယ့်လမ်းကြောင်းမှာ မမောင်းတဲ့ အတွက် ယာဉ်တိုက်မှုပိုဖြစ်တယ်။ မျက်ကွယ်ဖြစ်ရတာကလည်း တ ခြားနည်းနဲ့ ဖြေရှင်းလို့မရဘူး လား။ ဒီသစ်ပင်ကြီးတွေ ခုတ်ပစ် လိုက်မှပဲ မျက်ကွယ်ပျောက်သွား မှာလား’’ ဟု ပြောသည်။
မုံရွာမြို့ပေါ်ရှိ ကျောက္ကာ လမ်းပေါ်သို့ သွားလာရာတွင် လမ်းနှင့်မလွတ်ကင်းသော သစ် ပင် ၁၀၀ ခန့်ကို ခုတ်လှဲရန် ဒေ သခံပြည်သူများက တင်ပြသဖြင့် သစ်ပင်ငါးပင်ကို ခုတ်လှဲပြီး တစ်ပင်ကို ခုတ်လှဲနေစဉ်မှာပင် ကန့်ကွက်မှုများရှိ၍ သစ်ပင်ခုတ် လှဲခြင်းလုပ်ငန်း ရပ်နားထား ကြောင်း၊ ဆက်လက်ခုတ်လှဲရန် သင့်၊ မသင့် မေလ ၂၉ ရက်တွင် ကွင်းဆင်း တိုင်းတာခြင်းဖြစ် ကြောင်း မုံရွာခရိုင်လမ်းဦးစီးဌာန ဦးစီးမှူးဒေါ်မာလာဝင်းက ပြော ကြားသည်။
‘‘ခုတ်သင့်၊ မခုတ်သင့်လျာ ထားကြည့်တာပါ။ မိန်းလမ်းနဲ့ တော့ လွတ်ပါတယ်။ ရပ်ကွက် တွေထဲ စည်ပင်ပိုင်လမ်းကနေ မိန်းလမ်းပေါ်တက်လာတဲ့အခါ သစ်ပင်နဲ့မလွတ်တာပါ။ ရပ် ကွက်ဒေသခံပြည်သူတွေ တင်ပြ လာတဲ့ဟာကို ခုတ်သင့်၊ မခုတ် သင့်ကွင်းဆင်းကြည့်ရှုတာပါ’’ ဟု ဒေါ်မာလာဝင်းက ပြောသည်။ လွန်ခဲ့သောသုံးနှစ်ခန့်က မုံ ရွာမြို့သာစည်လမ်းပေါ်ရှိ လမ်း နယ်မြေနှင့် မလွတ်ကင်းသော သက်တမ်းရင့် သစ်ပင် ၁၀၀ ကျော်ကို သက်ဆိုင်ရာက ခုတ် လှဲရန် စီစဉ်ဖူးပြီး ဒေသခံများက ကန့်ကွက်သောကြောင့် သစ်ပင် များခုတ်လှဲခြင်းမပြုကြောင်း မုံ ရွာဒေသခံ မြို့မိ၊ မြို့ဖများက ပြောသည်။
No comments:
Post a Comment