ရေနံချောင်းမြို့နယ်ထဲက ကက္ကိုဂွ၊ မုန်ကန်၊ ကန်လေကုန်း၊ ညောင်ပင်အိုင့်၊ အုတ်လှနဲ့ ရုံးဆိပ်ကျွန်းကျေးရွာတွေမှာလည်း လေပြင်းတိုက်ခတ်လို့ နေအိမ် ၆ လုံး ပြိုကျပျက်စီးပြီး ဘုန်းကြီးကျောင်း ၁ကျောင်း အပါအဝင် နေအိမ်အဆောက်အဦ ၁၃ လုံး အမိုးလန်ပျက်စီးဆုံးရှုံးသွားတယ်လို့ မကွေးမြို့ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။
ဆိပ်ဖြူမြို့နယ်ပင်းတလဲကျေးရွာမှာလည်း လေပြင်းတိုက်လို့ နေအိမ် ၁လုံးပြိုကျပျက်စီးပြီး ဂိုဒေါင် ၂လုံး အပါအဝင် နေအိမ် ၂၂ လုံး အမိုးလန်ပျက်စီးခဲ့ကာ စုစုပေါင်းအဆောက်အဦး ၂၅ လုံး သွပ်မိုးလန်ပျက်စီးခဲ့တယ်လို့ ဆိပ်ဖြူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
ပြိုကျပျက်စီးသွားတဲ့နေအိမ် တအိမ်ကို ထောက်ပံ့ငွေ ကျပ် ၁သိန်း၊ အိမ်အမိုးလန်ပျက်စီး သွားတဲ့အိမ်တအိမ်ကို ငွေကျပ် ၂၀၀၀၀နဲ့ လူတဦးကို ဆန်ရိက္ခာ တပတ်စာ ငွေကျပ် ၂၁၀၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ ပေးအပ်သွားဖို့ ရှိနေပါတယ်။
No comments:
Post a Comment