မြန်မာနိုင်ငံမှ အင်္ဂ္လန်နိုင်ငံသို့ ဆိုင်ကယ်ဖြင့်သွားမည့် ခရီးစဉ်သည် ゞင်းတို့နှစ်ဦးအတွက် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ယင်းခရီစဉ်ကို မေလ(၂၆)ရက်နေ့မှ စတင်ကာ ရန်ကုန်၊ပြည်၊ မကွေး၊ မန္တလေး၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်မှ တဆင့် ထိုင်းဘက်ကိုသွားမည်ဖြစ်ကြောင်း ကိုစိုင်းဇွန်ဖက ပြောသည်။
“ရန်ကုန်ကလာတဲ့ လမ်းမှာလည်း ဆိုရှယ်မီဒီယာကနေတဆင့် သိရှိတဲ့လူတွေများပြီး အားပေးမှုတွေ ရှိနေပါတယ်။ အခုက အရမ်းပူတဲ့ရာသီဖြစ်တဲ့အတွက် ဆိုင်ကယ်မောင်းတာ တစ်ရက်ကို(၅)နာရီဝန်းကျင်သာ မောင်းတယ်” ဟု ကိုစိုင်းဇွန်ဖက ပြောသည်။
အင်္ဂ္လန်အပါအဝင် နိုင်ငံပေါင်း(၃၀)ကို ဖြတ်သန်းပြီးမိုင်ပေါင်း (၃၀ဝ၀ဝ) ကျော်မောင်းနှင်ခရီးသွားမည့် ခရီးစဉ်ကို BMWဆိုင်ကယ်များနှင့် သွားရောက်မည်ဖြစ်ကြောင်း ခန့်မှန်းခြေအရ ခရီးသွားကြာမြင့်ချိန် (၅)လ ကြာမည်ဟု ခန့်မှန်းထားကြောင်း ゞင်းတို့ခရီးစဉ်မှာ နိုင်ငံပေါင်း(၃၀)တွင်ရှိသော လှပသည့် နေရာများကို သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အင်္ဂ္လန်နိုင်ငံသို့ သွားမယ့်ခရီးစဉ်တလျောက်တွင် ဆိုရှယ်မီဒီယာကတဆင့် အတွေ့အကြုံ များကိုဝေမျှသွားမည်ဖြစ်ပြီး Channel9 မှလည်း ယခုခရီးစဉ်များကို စီးရီးအလိုက်ထုတ်လွှင့်ရန် လုပ်ဆောင် သွားမည်ဟု သိရသည်။
No comments:
Post a Comment