Tuesday, July 2, 2019

ရခိုင်ရှိ မြို့နယ်သုံးခု၌ တပ်မတော်နှင့် AA တိုက်ပွဲဆက်ဖြစ်

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA) သည်ယခုရက်ပိုင်းအတွင်း ရခိုင်ပြည် နယ်၌ တိုက်ပွဲများဆက်လက်ဖြစ် ပွားနေကြောင်း နှစ်ဖက် တာဝန်ရှိ သူများက ပြောသည်။ ဇွန်လ ၃၀ ရက်က ရခိုင်ပြည် နယ်ရှိ ရသေ့တောင်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင်  တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း AAအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။ြေ မပြင် အခြေအနေတွင် လည်း တပ်မတော်ဘက်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းခြင်းများ တွေ့ရသည် ဟု ၎င်းက ဆိုသည်။



‘‘ထပ်ပြီးတော့ ထိုးစစ်အ ပြင်းအထန် လုပ်လာမယ်ဆိုတဲ့ သဘော။ အဲဒီလိုသုံးသပ်တယ်’’ ဟု ခိုင်သုခက ပြောသည်။

တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လည်း ဇွန်လ ၂၇ ရက် ညက  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ ထောက်ပံ့ ကူညီရေးပစ္စည်းများ တင်ဆောင် လာသည့် ကုန်တင်ယာဉ်တန်း တိုက်ခိုက်ခံရသည့် ကျောက် တော်မြို့နယ်တွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများဖြစ်ပွား နေသည်ဟု ပြောသည်။

‘‘ICRC ကားတွေ အတိုက်ခံရ တဲ့ နေရာမှာ ၂၈ ရက်နေ့မှာ ကျွန် တော်တို့ နယ်မြေရှင်းလင်းပါ တယ်။ တိုက်ပွဲဖြစ်တယ်။ ဖြစ်တော့ ကျွန်တော်တို့ဆီက ထိခိုက် ဒဏ်ရာရတာ နှစ်ယောက်ရှိခဲ့ တယ်။ မနေ့က မနက်မှာလည်း အဲဒီနေရာကို သွားရောက်ရှင်း လင်းတဲ့အခါမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာကို တွေ့ရတယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော သည်။ ICRC ၏ ထောက်ပံ့ရေး ပစ္စည်းတင်ယာဉ်များ တိုက်ခိုက်ခံ ရခြင်းသည် AA ၏ လက်ချက်ဟု တပ်မတော်နှင့် ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသော်လည်း AA ကမူ ယင်းဒေသတွင် ၎င်းတို့တပ်ဖွဲ့ များမရှိဟုဖြေကြားပြီး ယာဉ်တန်း ကိုလည်း တိုက်ခိုက်ခြင်းမရှိ ကြောင်း ငြင်းဆိုထားသည်။

No comments:

Post a Comment