Tuesday, July 2, 2019

စစ်ကိုင်းတိုင်း မြို့နယ်သုံးခုတွင် မြေဧက တစ်သိန်းခန့်ဖြင့် ကြေးနီရှာဖွေခွင့်ပြုရန် တရုတ်ကုမ္ပဏီလျှောက်ထား

တရုတ်ယန်စီကော့ပါး ကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသ ကြီးမြို့နယ် သုံးခုရှိ မြေဧက တစ်သိန်းခန့်၌  ကြေးနီသတ္တုစမ်းသပ် ရှာဖွေရန် ခွင့်ပြုမိန့်တောင်းခံ ထားသည်ဟု စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ စည်ပင်သာယာ ရေးဝန်ကြီး ဦးမြင့်ကြည်က ပြော သည်။ တရုတ်ကုမ္ပဏီက တင်ပြ ထားသည့် မြို့နယ်များသည် ယင်း မာပင်မြို့နယ်၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင်ဖြစ် ပြီး စမ်းသပ်ရှာဖွေခွင့်သာဖြစ်၍ တိုင်းဒေသကြီး အစိုးရက ခွင့်ပြုရန်ရှိသည်ဟု ဦးမြင့်ကြည်က  ပြောသည်။



‘‘သတ္တုစမ်းသပ်ရှာဖွေရေး ပါ။ တူးဖော်ရေးမဟုတ်ပါဘူး။ စမ်းသပ်ရှာဖွေရေးဆိုတာ မြေ ယာလည်း မထိခိုက်ဘူး။ ကုမ္ပဏီ က သတ္တုဘယ်လောက်ရှိမယ်ဆို တာ သူတို့ပိုက်ဆံနဲ့ရှာမှာပါ’’ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းသို့ လျှောက်ထားရာ တွင် မြေဧက တစ်သိန်းကျော်အ နက် သာသနိကအဆောက်အအုံ များ၊ လူနေအိမ်များ ဖယ်ရှားပါက မြေဧက ရှစ်သောင်းကျော်ကို ခွင့် ပြု၍ ရနိုင်ကြောင်း ၎င်းကဆို သည်။

အဆိုပါ လျှောက်ထားမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က သဘောထားမှတ်ချက်တောင်းခံလာခြင်းဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

တူးဖော်ခွင့်ရပါကလည်း ယခင်အတိုင်း လုပ်ကိုင်စေမည် မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်း အောင်ဆောင်ရွက် ရမည်ဟု ၀န်ကြီးက ပြောသည်။

‘‘ကိုယ်နိုင်ငံထဲမှာ ဘာတွေ ရှိတယ်ဆိုတာ သုတေသနလုပ် တာတော့ ခွင့်ပြုပေးသင့်တယ်။ တူးတာတွေတော့ နောက်ပိုင်းမှာ အချိန်ယူပြီးစဉ်းစားသင့်တယ်’’ ဟု ဆားလင်းကြီးမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဒေါက်တာသိန်းနိုင်က ပြော သည်။

ထိုစီမံကိန်းများကို ဒေသခံ များက လက်မခံကြောင်း၊ ယင်းမှာ၎င်းတို့ဒေသအတွက် အရေးပါသည့် ၀ါးစိမ်းတောင် ပျောက်ကွယ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း ယင်းမာပင်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ပြော သည်။

‘‘တရုတ်ကုမ္ပဏီရဲ့ ရှေ့မှာ စနစ်တကျမလုပ်ခဲ့တာကြောင့် လည်း ပါတယ်။ ၀ါးစိမ်းတောင် ကြီး ပျောက်သွားမှာကို ကြောက် ကြတာပါ။ သူတို့က ဧကတစ်သိန်းဆိုပေမယ့် အဓိကလိုချင်တာ ၀ါးစိမ်းတောင်ကို’’ဟု ၎င်းကဆို သည်။ ယန်စီကုမ္ပဏီသည် ဘေ ဂျင်းအခြေစိုက် ၀မ်ပေါင်ကုမ္ပဏီ ၏ လက်အောက် ခံကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၀ ကစတင်ပြီး လက်ပံတောင်းတောင်တွင် ကြေးနီတူး ဖော်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည်။အဆိုပါ စီမံကိန်းသည် ဆားလင်းကြီးမြို့နယ်တွင် မြေဧက ၈,၀၀၀ ခန့်၌ ဆောင်ရွက်ပြီး ယနေ့တိုင် ဒေသခံအချို့၏ ကန့်ကွက်ဆန္ဒပြမှုတို့နှင့်  ရင်ဆိုင်နေရသည်။

No comments:

Post a Comment