Tuesday, July 2, 2019

ပင်နယ်တီလွဲခဲ့သည့် ကိုလံဘီယာကစားသမား အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

ချီလီနဲ့ပွဲမှာ အဆုံးအဖြတ် ပင်နယ်တီလွဲခဲ့တဲ့ ကိုလံဘီယာ ကစားသမားတဦးဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။  ကိုလံဘီယာအသင်းဟာ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချီလီအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။  ပင်နယ်တီအဆုံးအဖြတ်မှာ ကိုလံဘီယာ နောက်ခံလူ ၀ီလီယံတက်စီလို ကန်သွင်းတဲ့ ပင်နယ်တီမ၀င်ခဲ့တာကြောင့် ၅ ဂိုး ၄ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။



နောက်ခံလူ တက်စီလိုဟာ သူ့ရဲ့ပင်နယ်တီ လွဲချော်မူကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့တဲ့ အတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ရင် ဆိုင်နေရကြောင်း ၀န်ခံပြောကြားခဲ့ပြီး အင်စတာဂရမ်ကနေတဆင့် သူ့ရဲ့ဇနီးဖြစ်သူ ဒယ်နီလာမီဂျီယာဆီကို အသက်အန္တရယ် ခြိမ်း ခြောက်တဲ့စာတွေ ပေးပို့ခဲ့တာလို့ဆိုပါတယ်။

ဒါကြောင့် သူ့ရဲ့ဇနီး Account ကိုပါ ဖျက်သိမ်းခဲ့ရပြီး နောက်ခံလူ တက်စီလိုဆီကိုလည်း ခြိမ်းခြောက်စာတွေ ထပ်ပြီး ပို့ခဲ့လို့ ဆုတောင်းနေရုံပဲရှိတယ်လို့ တက်စီလိုက ၀န်ခံပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘောလုံးမှာ အနိုင်အရှုံးရှိတာကိုတော့ စဉ်းစားပေးကြဖို့လည်း တယ်စီလိုက မေတ္တာရပ်ခံသွားခဲ့ပါတယ်။

၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ကိုလံဘီယာအသင်းက အမေရိကန် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ကာပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ကိုယ့်ဂိုးကို သွင်းခဲ့တဲ့ နောက်ခံလူ အက်စ်ကိုဘာဟာ ၅ ရက်အကြာမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဖူးပါတယ်။

No comments:

Post a Comment