Tuesday, July 2, 2019

ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၂၁ ဦးရှိလာ

ရာသီတုပ်ကွေးရောဂါ A H1N1 pdm09 ပိုးတွေ့ရှိရသူ မြန်မာတနိုင်ငံလုံးမှာ ၉၉ ယောက် တွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်းမှာ သေဆုံးသူ ၁၈ ဦး၊ စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၂ ဦး၊ ဧရာဝတီတိုင်းမှာ သေဆုံးသူ ၁ ယောက် ရှိခဲ့တယ်လို့  ဗဟိုကူးစက် ရောဂါ နှိမ်နင်းရေးဌာနက သိရပါတယ်။ ရောဂါကြောင့်သေဆုံးသူတွေထဲမှာ အမျိုးသားတွေက အများဆုံးပါဝင်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါနှိမ်နင်းရေးဌာနက ဒုညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ပြောပါတယ်။



ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုရေးတွေကို လုပ်ဆောင်နေပြီး နယ်စပ်ဒေသတွေမှာလည်း ရောဂါပိုးအခြေအနေကို စောင့်ကြပ်ကြည့်တဲ့ ဌာနတွေ ဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရာသီတုပ်ကွေးရောဂါ H1N1 အကြောင်း ဟောပြောဆွေးနွေးပွဲကို ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့က ရန်ကုန်မြို့  မြန်မာနိုင်ငံဆရာဝန်အသင်းမှာ ပြုလုပ်ရာမှာ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောကြားသွားတာ ဖြစ်ပါတယ်။

No comments:

Post a Comment