Tuesday, July 2, 2019

ဒိန်းမတ်ကပေးမည့် ထောက်ပံ့ငွေကို ယနေ့ကစ၍ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ လျှောက်ထားနိုင်

ဒိန်းမတ်နိုင်ငံကပေးမည့် အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများအတွက်ထောက် ပံ့ငွေကို ယနေ့စတင်လျှောက် ထားနိုင်မည်ဖြစ်ကြောင်း အသေး စား၊ အလတ်စား စီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန က ကြေညာသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သော အမည်ရှိသည့် ထောက်ပံ့ ခြင်းအစီအစဉ်ကို ဒိန်းမတ်နိုင်ငံ က ၎င်း၏ဒိန်းမတ်ငွေ (Krone) ငါးသန်းဖြင့် တစ်နိုင်ငံလုံးအတိုင်း အတာအရ ဆောင်ရွက်မည်ဖြစ် သည်။



အသေးစား၊ အလတ်စား လုပ်ငန်း အမျိုးအစားခွဲခြားထား သည့် ယင်းထောက်ပံ့မှုစီမံကိန်း တွင် ရန်ကုန်တိုင်းဒေသကြီးမှ Waste Water Treatment လုပ် ငန်းများ၊ စွန့်ပစ်ပစ္စည်းများပြန် လည်သုံးစွဲသည့် လုပ်ငန်းများ၊ စွမ်းအင်ချွေတာရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ လျှောက်ထားနိုင် မည်ဖြစ်သည်။

အခြား တိုင်းနှင့်ပြည်နယ် များမှ လျှောက်ထားနိုင်သည့် လုပ်ငန်းများအရ စွမ်းအင်ချွေတာ သုံးစွဲခြင်း၊ ရေခြိုးခြံချွေတာသုံးစွဲ ခြင်း၊ စွန့်ပစ်ပစ္စည်းများ ပြန်လည် သုံးစွဲခြင်း၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ အ စားအသောက်များ ဘေးကင်း ရေး၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုဆိုင် ရာ ကျွမ်းကျင်မှုနှင့်လုပ်ငန်းခွင် ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု လုပ်ငန်းတို့ဖြစ် သည်။

ထောက်ပံ့ငွေလိုအပ်သူများ ရန်ကုန်မြို့ လှိုင်မြို့နယ် သုခ လမ်း (၈) ရပ်ကွက် တိုက်နံပါတ် (၁၉၄) ရှိ အခန်း (၁၀၁) တွင် ဇူလိုင် ၂၂ ရက်နောက်ဆုံးထား လျှောက်ထားနိုင်သည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ချေးငွေ ရရှိရေး ဖြေလျှော့ရန် စီစဉ်နေ ကြောင်းလည်း အစိုးရက ပြော ကြားထားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအတွက် JICA SME Two Step Loan ချေး ငွေ၊ Credit Guarantee Insurance (CGI) ချေးငွေ၊ မြန်မာ့စီး ပွားရေးဘဏ်မှ ထုတ်ချေးသည့် SME ချေးငွေ၊ ဂျာမနီဖွံ့ဖြိုးရေး ဘဏ်မှ ထောက်ပံ့သည့် KFW ချေးငွေနှင့် ဒိန်းမတ်နိုင်ငံမှ တာ ဝန်ယူမှုရှိသည့် မြန်မာ SME လုပ် ငန်းများအတွက် Responsible Business Fund (RBF) တို့မှ ချေးငွေထုတ်ပေးနေသည်။ ယင်းအပြင် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစ ရိတ်ချေးငွေအဖြစ် တစ်ရာသီနှစ် ချင်းဆပ်ချေးငွေ (Seasonal Loan) နှင့် JICA Agricultural Production Two Step Loan များ ထုတ်ချေးပေးနေသော်လည်း ချေးငွေရယူနိုင်သူဦးရေ နည်းပါး နေသည်။

No comments:

Post a Comment