Tuesday, July 2, 2019

ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဆိုကာ ငွေကြေးလိမ်လည်မှုဖြစ်ပွား

ထိုင်းနိုင်ငံ၌ အလုပ်ရမည်ဟုယုံကြည်အောင်ပြောဆို၍ တစ်ရွာတည်းသားချင်း ၆ ဦးကို ငွေကြေးလိမ်လည်မှု ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အုတ်ဖိုမြို့နယ်၊ တင်းတုတ်ကြီးကျေးရွာနေ မရွှေစင်အိ၊ ၃၇ နှစ်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်က တစ်ရွာတည်းနေကိုဇေယျာလင်း ၃၅ နှစ်အား ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဟု ယုံကြည်အောင်ပြောဆို၍ တစ်ဦးလျှင်ငွေကျပ် ၁၀၅,၀၀၀,၀ ကုန်ကျမည်ဟု ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။



ယင်းအတွက်ကြောင့် ကိုဇေယျာလင်းကယုံကြည်ပြီးတစ်ရွာတည်းနေသူများဖြစ်ကြသောကိုစောမောင်မောင် ၃၁ နှစ်၊ ကိုသန်းမင်း ၂၂ နှစ်၊ ကိုအောင်ရဲကျော် ၂၈ နှစ်၊ မဝေနှင်းဖြူ ၂၂ နှစ်၊ မသက်သက်မွန် ၂၂ နှစ်တို့ကိုလည်း ပြောဆိုကာ စုစုပေါင်းလူ ၆ ဦးစာအတွက် ငွေကျပ် ၆၃ သိန်းကိုမရွှေစင်အိထံပေးအပ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ငွေကြေးများကိုရယူထားသော်လည်း ယနေ့အထိချိန်ထိထိုင်းနိုင်ငံသို့ပို့ဆောင်ပေးမှုမရှိသည့်အတွက် အရေးယူပေးပါရန် ကိုဇေယျာလင်းက ဇူလိုင်လ ၁ ရက်တွင်အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် မရွှေစင်အိ၊ ၃၇ နှစ်ကို အိုးသည်ကုန်းနယ်မြေရဲစခန်း၌ ပြည်အအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ - ၂၆ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment