Tuesday, July 2, 2019

အာဖရိက နိုင်ငံများဖလားတွင် လက်ရှိချန်ပီယံ ကင်မရွန်းနှင့်ဂါနာ သရေကျ

အီဂျစ်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေသော အာဖရိကနိုင်ငံများဖလားတွင် လက်ရှိချန်ပီယံ ကင်မရွန်းသည် ဂါနာနှင့် ဂိုးမရှိသရေကျခဲ့သည်။  အုပ်စု (F) တွင် နှစ်ပွဲစီကစား ပြီးချိန်၌ ကင်မရွန်းကလေးမှတ် ဖြင့် အုပ်စုပထမနေရာ သိမ်းပိုက် ထားပြီး ဂါနာကနှစ်မှတ်၊ ဘီနင် ကနှစ်မှတ် ရရှိထားသည်။ အာဖရိကနိုင်ငံများဖလား တွင် ခုနစ်ကြိမ်ချန်ပီယံဖြစ်ဖူး သောအီဂျစ်ပြီးလျှင် ငါးကြိမ်စီဖြင့် ဒုတိယအအောင်မြင်ဆုံး အသင်း များဖြစ်သည့် ကင်မရွန်းနှင့်ဂါနာပွဲ သည် ၈၈ မိနစ်၌ ဂါနာတိုက်စစ်မှူး ကွာဘီနာ၏ ကန်ချက်ဂိုးဘား တန်းထိခဲ့သည်မှလွဲ၍ စိတ်လှုပ် ရှားစရာမကောင်းခဲ့ပေ။



နယ်သာလန်ဂန္ထ၀င်လက် ရွေးစင်ဟောင်းဆီးဒေါ့ဖ် ကိုင် တွယ်နေသော ကင်မရွန်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဘီ နင်နှင့်ကစားရမည်ဖြစ်ပြီး သရေ ကျလျှင်ပင် ရှုံးထွက်အဆင့်တက် ရောက်ခွင့်ရနိုင်သည်။

အုပ်စု (F) အခြားပွဲတွင် ဂီနီ ဘစ်ဆူးနှင့်ဘီနင် ဂိုးမရှိသရေကျ ခဲ့သည်။

အုပ်စုနောက်ဆုံးပွဲတွင် ဂါ နာက တစ်မှတ်ရရှိထားသော ဂီနီ ဘစ်ဆူးနှင့်ကစားရမည်ဖြစ်၍ ပွဲ ချောင်သည်။

အုစ်စု (E) ပွဲစဉ်တွင် မော် ရစ်တေးနီးယားနှင့် အန်ဂိုလာတို့ ဂိုးမရှိသရေကျခဲ့သည်။ နာကျင် အချိန်ပိုတွင် အန်ဂိုလာတိုက်စစ် မှူးဂီရယ်လ်ဒို ဂိုးသွင်းခဲ့သော် လည်း လူကျွံနေသည်ဆိုကာ ဒိုင် လူကြီးက ဂိုးအဖြစ်မသတ်မှတ်ခဲ့ ပေ။ 

အုပ်စု (E) တွင် နှစ်ပွဲစီကစား ပြီးချိန်၌ မာလီကလေးမှတ်၊ တူနီး ရှားကနှစ်မှတ်နှင့် အန်ဂိုလာကနှစ် မှတ်ရရှိထားကာ မော်ရစ်တေးနီး ယားကတစ်မှတ်ရရှိထားသည်။

အန်ဂိုလာအနေဖြင့် နောက် တစ်ဆင့်တက်ရန် အုပ်စုနောက် ဆုံးပွဲတွင် မာလီကိုအနိုင်ရရန်လို အပ်သည်။    အုပ်စုခြောက်ခုရှိ ယင်းပြိုင် ပွဲတွင် အုပ်စုဗိုလ်နှင့်ဒုတိယရ အသင်းများနှင့်အတူ  အကောင်း ဆုံးတတိယလေးသင်း ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက် ခွင့်ရမည်ဖြစ်သည်။

No comments:

Post a Comment