Tuesday, July 2, 2019

ဝူဟန်ဖိတ်ခေါ်ပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာယူ-၁၄ အသင်း တရုတ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်

 တရုတ်နိုင်ငံ ဝူဟန်မြို့ ၌ ကျင်းပသည့် ဝူဟန်ဖိတ်ခေါ် ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် မြန်မာယူ-၁၄ အသင်းက တရုတ်အသင်းကို ၅-၀ ဂိုးဖြင့် ဂိုး ပြတ်ရှုံးနိမ့်ခဲ့သည်။ ဇွန်လ ၃၀ ရက်က ကျင်းပ သည့် အဆိုပါ WUHAN Cup 2019 International Youth Championship ပြိုင်ပွဲတွင် တရုတ်ယူ-၁၄ အသင်းသည် မြန် မာယူ-၁၄ အသင်းကို ပွဲချိန်တစ် လျှောက် ခြေစွမ်းအသာဖြင့် ဖိ အားပေးကစားပြီး ဂိုးပြတ်အနိုင်ရ ခဲ့သည်။ ယင်းပြိုင်ပွဲကို ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ တရုတ် နိုင်ငံဟူဘေးပြည်နယ် ၀ူဟန်မြို့ တွင် ကျင်းပနေသည်။



ဝူဟန်ဖိတ်ခေါ်ဖလား ဘော လုံးပြိုင်ပွဲကို မြန်မာယူ-၁၄ အ သင်းအပါအ၀င် ရှစ်သင်းဝင် ရောက် ယှဉ်ပြိုင်ကာ အုပ်စုနှစ်စု ခွဲ၍ ယှဉ်ပြိုင်နေသည်။  မြန်မာယူ-၁၄အသင်းသည် အုပ်စု(က)တွင် တရုတ်အသင်း၊ တောင်ကိုရီးယားအသင်း၊ အင်ဒို နီးရှားအသင်းတို့ဖြင့် တစ်အုပ်စု တည်း ကျရောက်နေသည်။

အုပ်စု(ခ)တွင် အိမ်ရှင် ၀ူ ဟန်အသင်း၊ မြောက်ကိုရီးယား အသင်း၊ ဂျပန်ကလပ် အိုဆာကာ အသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာယူ-၁၄ အသင်းသည် အုပ်စုအဆင့် ပွဲစဉ်များအဖြစ် ဇွန်လ ၃၀ ရက်တွင် တောင်ကိုရီး ယားနှင့် ဇူလိုင်၂ ရက်တွင် အင်ဒို နီးရှားအသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာယူ-၁၄အသင်းကို နည်းပြချုပ်အဖြစ် အမျိုးသား ဘောလုံးအကယ်ဒမီ (မန္တလေး)မှ ဦးဘိုဘိုအောင်က တာဝန်ယူ ပြီး အုပ်ချုပ်၊ နည်းပြခြောက်ဦးနှင့် ကစားသမား ၁၈ ဦး စုစုပေါင်း ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

No comments:

Post a Comment