Tuesday, July 2, 2019

တရုတ်နိုင်ငံသား ၃ ဦးအား ငါးမန်းဂိမ်းလောင်းကစားစက်များနှင့်အတူ နေပြည်တော်တွင် ဖမ်းဆီးရမိ

Image may contain: one or more people and people standingဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်နေ မဇာဇာ(စိစစ်ဆဲ)၏နေအိမ်သို့ သတင်းအရ ဇွန်လ ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်က မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေရာ တရုတ်နိုင်ငံသား Mr.He Wan Xin (၃၅)နှစ်၊ Mr. Li Kai Feng (၃၆)နှစ်နှင့် Mr.Liao Feng (၂၆)နှစ်တို့ (၃) ဦးအား တရားမဝင်တင်သွင်းလာသော ငါးမန်းဂိမ်းလောင်းကစားရာတွင်အသုံးပြုသည့် မော်နီတာ ၅ လုံး၊ UPS ၅ လုံး၊ Control Box ၄ လုံး၊ ဂိမ်းစက် ၅ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


စစ်ဆေးချက်အရ မတ်လ ၂၉ ရက်နေ့တွင် Mr.He Wan Xin သည် စားသောက်ဆိုင်ဖွင့်ရန် တရုတ်နိုင်ငံမှ မန္တလေးလေဆိပ်သို့ရောက်ရှိပြီး ဆိုင်ဖွင့်ရန်အဆင်မပြေသဖြင့် ဇွန်လ ၂၀ ရက်နေ့တွင် နေပြည်တော်သို့ရောက်ရှိကာ သူငယ်ချင်းဖြစ်သူ Mr.Liao Feng ပါ (၂) ဦး ငှားရမ်းနေထိုင်သည့် သပြေကုန်းရပ်ကွက်နေအိမ်တွင် လိုက်ပါနေထိုင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရှိရ၍ မဇာဇာ (ဖမ်းမမိ)နှင့် တရုတ်နိုင်ငံသား ၃ ဦးတို့အား အမှတ်-၁ မြို့မရဲစခန်း(ဇမ္ဗူသီရိ)(ပ)၁၂၈/၂၀၁၉၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အရေးယူခံရသူ တရုတ်နိုင်ငံသားများဦးမှာ မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ဖြင့် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment