Tuesday, July 2, 2019

အမျိုးသမီးကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ဆွီဒင်နှင့်နယ်သာလန်တွေ့ဆုံ

ဂျာမနီကို နောက်မှလိုက်က စားပြီး ၂-၁ ဂိုးဖြင့် အနိုင်ရသဖြင့် ဆွီဒင်သည် အမျိုးသမီးကမ္ဘာ့ ဖလား အကြိုဗိုလ်လုပွဲသို့ တက် ရောက်လာသည်။ ကမ္ဘာ့ဖလားချန်ပီယံ နှစ် ကြိမ်ဖြစ်ခဲ့ဖူးသော ဂျာမနီသည် ၁၆ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ သော်လည်း ၂၂ မိနစ်နှင့် ၄၈ မိနစ်၌ ဆွီဒင်ဘက်သို့ ချေပဂိုးနှင့် အနိုင်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရ သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲရှစ်ကြိမ် မြောက် ဝင်ရောက်ယှဉ်ပြိုင်ရာ တွင် ကွာတားဖိုင်နယ်အဆင့်မှ သုံးကြိမ်မြောက် လှည့်ပြန်ခဲ့ရ သည့် ဂျာမနီသည် နှစ် ၂၀ အ တွင်း အမျိုးသမီးကမ္ဘာ့ဖလား ကွာတားဖိုင်နယ်၌ ဦးဆောင်ဂိုး ရပြီးမှ ရှုံးနိမ့်ခဲ့သော ပထမဆုံးအ သင်းဖြစ်လာသည်။



ဂျာမနီသည် ၁၉၉၉ ကမ္ဘာ့ ဖလားတွင် ဦးဆောင်ဂိုးများရရှိခဲ့ သော်လည်း အမေရိကန်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ‘‘အရှုံးက နာကျင်ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွေ့အကြုံ ကနေ သင်ယူပြီး ရင့်ကျက်ပါလိမ့် မယ်’’ ဟု ဂျာမနီနည်းပြမာတီနာက ပြောသည်။

အခြားကွာတားဖိုင်နယ်ပွဲ စဉ်တွင် နယ်သာလန်က အီတလီ ကို ဒုတိယပိုင်းခေါင်းတိုက်ဂိုးဖြင့် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နယ်သာလန် အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယအ ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ပြီး ပထမဆုံးအကြိမ်အဖြစ် အ ကြိုဗိုလ်လုပွဲသို့ ရောက်ရှိခြင်း ဖြစ်သည်။

‘‘ကျွန်မရဲ့အသင်းကို အများ ကြီးဂုဏ်ယူပါတယ်။ ကျွန်မတို့မှာ ခြေစွမ်းကောင်းတဲ့ ကစားသမား တွေ အများကြီးရှိတယ်။ ယူရို ၂၀၁၇ မှာ ကျွန်မတို့ဗိုလ်စွဲခဲ့ပြီးတဲ့ နောက်ပိုင်း ယုံကြည်မှုအများကြီး ရခဲ့ပါတယ်။ ဒီကမ္ဘာ့ဖလားမှာ လည်း ကောင်းကောင်းစွမ်း ဆောင်ပြဖို့ အလုံအလောက်တိုး တက်မှုရှိခဲ့ပါတယ်’’ ဟု နယ်သာ လန်နည်းပြ ဆာရီက ပြောသည်။ အမျိုးသမီးကမ္ဘာ့ဖလား အ ကြိုဗိုလ်လုပွဲစဉ်များအဖြစ် ဇူလိုင် ၃ ရက်တွင် အမေရိကန်နှင့် အင်္ဂလန်၊ ၄ ရက်တွင် ဆွီဒင်နှင့် နယ်သာလန်တို့ ယှဉ်ပြိုင်မည်ဖြစ် သည်။ 

No comments:

Post a Comment