Tuesday, July 2, 2019

အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် စစ်ရှောင်များ အကူအညီရရေး အခက်ကြုံနေဟုဆို

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA) တို့တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များ၌ မိုဘိုင်းအင်တာနက်အသုံးပြုခွင့် ယာယီ ပိတ်ပင်ထားခြင်းကြောင့် တိုက်ပွဲ ကြောင့် ထွက်ပြေးတိမ်းရှောင်နေ ရသည့် စစ်ရှောင်များ အကူအညီရရှိရေး အခက်အခဲများ ကြုံနေရ ကြောင်း ရသေ့တောင်မြို့မှ စစ်ဘေးရှောင်များအား ကူညီပေးနေ သူ ဦးကျော်ဇံသာက ပြောကြား သည်။ စစ်ရေးပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်ခု နှင့် ချင်းပြည်နယ် ပလက်ဝမြို့ နယ်တို့ကို ဇွန်လ ၂၁ ရက်က စ၍ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုယာယီဖြတ်တောက်ခဲ့သည်။



‘‘အင်တာနက်ပိတ်လိုက် တော့ ဘာမှလုပ်လို့ကိုင်လို့ မရ တော့ဘူး။ အထူးသဖြင့် ဒုက္ခသည် တွေရဲ့ အခြေအနေတွေကို တင်ပြ လို့ မရတော့ဘူး။ ဒီမှာဆိုရင် မနေ့ က ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တွေ အများကြီးရှိတယ်။ သူတို့ စားဝတ်နေရေး အခက်အခဲတွေ ရှိတယ်။ အဲဒါကို တင်ပြလို့မရ တော့ဘူး။ အလှူရှင်တွေကလည်း လိုင်းပေါ်တက်လာမှ သိကြတာ ကိုး။ အခုမှ ဘယ်သူမှ မသိတော့ရင် ဘယ်သူမှလည်း မလှူကြတော့ဘူး’’ဟု ဦးကျော်ဇံသာက ပြောကြားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ အင်တာနက်ဖြတ်တောက် ခြင်းသည် ၎င်းတို့အဖွဲ့အတွက် ထိခိုက်မှုမရှိဟု ပြောသည်။

‘‘ကျွန်တော်တို့က သူတို့ရဲ့ အင်တာနက် Network ကို အသုံးပြုပြီး စစ်တိုက်နေတာ မဟုတ်ပါ ဘူး။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ကို ဘာမှ မထိခိုက်ဘူး။ အဓိက ထိခိုက်တာက ပြည်သူလူထုကို ပေါ့’’ ဟု ၎င်းက ဆိုသည်။

တပ်မတော်ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  အင်တာနက်လိုင်းများ ဖြတ် တောက်ခြင်း ကိစ္စသည် တပ်မ တော်၏ ဆောင်ရွက်ချက်မဟုတ် ဟု ဖြေကြားထားသည်။ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးစိုး သိန်းကမူ နယ်မြေအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအကျိုးကို မထိခိုက်စေ ရန် အင်တာနက်လိုင်းများကို ယာယီပိတ်ပင်ခြင်း ဖြစ်ကြောင်း ဖြေကြားထားသည်။

ယင်းသို့ မိုဘိုင်းအင်တာနက် လိုင်းများ ဖြတ်တောက်ထားခြင်း နှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးလှသိန်းအောင်က ရခိုင်ပြည်နယ်လွှတ်တော်သို့ ဇွန်လ ၂၄ ရက်တွင် အရေးကြီးအဆို တင် သွင်းပြီး အင်တာနက်လိုင်းများ အများဆုံး ပြန်လည်အသုံးပြုခွင့် ပေးရန် ပြည်နယ်အစိုးရမှ တစ် ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်အတွင်း မိုဘိုင်းအင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် ဒေသခံများ စစ် ရေးဒုက္ခကြုံနေရသည့် အခက်အ ခဲများ အချိန်မီဖော်ပြနိုင်ခြင်းမပြု နိုင်သည့်အပြင် ဒေသခံများ အသုံးပြုနေသည့် Wave Money ငွေလွှဲဝန်ဆောင်မှုနှင့် နိုင်ငံရပ်ခြား ရောက်ရှိနေသည့် မိသားစုဝင် များအကြား အင်တာနက် Video Call ပြောဆိုနိုင်မှု အခက်အခဲ များလည်း ဖြစ်ပေါ်နေသည်ဟု ဆိုသည်။ တပ်မတော်နှင့် AA တို့အကြား ၂၀၁၈ နှစ်ကုန်ပိုင်းက  စတင် ၍ မကြာခဏ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးတိမ်း ရှောင်နေရသည့် ရခိုင်ဒေသခံ  လေးသောင်းကျော် ရှိသည်ဟု ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

No comments:

Post a Comment