Tuesday, July 2, 2019

ဟံသာဝတီနှင့် ရန်ကုန်ပွဲအပြီး နှစ်ဖက်ပရိသတ်အချင်းများခြင်းကြောင့် အချို့ကို ယာယီထိန်းသိမ်းခဲ့

ဟံသာဝတီနှင့် ရန်ကုန် အသင်း၏ မြန်မာလိဂ်ပွဲစဉ်အပြီး တွင် နှစ်ဖက်ပရိသတ် အချင်းများ မှုကြောင့် ပရိသတ်အချို့ကို ယာ ယီထိန်းသိမ်းခဲ့ရကြောင်း မြန်မာ လိဂ်တာဝန်ရှိသူ ဦးအောင်အောင် မျိုးက ပြောသည်။ ဇွန်လ ၂၉ ရက်က ပဲခူးမြို့ ဂရင်းရွိုင်ရယ်ကွင်းတွင် ကျင်းပ သည့် ဟံသာဝတီနှင့် ရန်ကုန်အ သင်းပွဲသည် အမှတ်ပေးဇယား ထိပ်ဆုံးနှစ်သင်း ဖြစ်သည်နှင့်အ ညီ အကြိတ်အနယ်ရှိခဲ့သည်။ ယင်းပွဲတွင် ပရိသတ်အားပေးမှု များပြားပြီး ဟံသာဝတီပရိသတ် များ ပွဲကြည့်စင်အပြည့်နှင့် ကွင်း ဘေးပတ်ပတ်လည်၌ အားပေး သည့်အပြင် ရန်ကုန်အသင်း ပရိ သတ်အချို့လည်း ပဲခူးမြို့ထိ လိုက်လံအားပေးခဲ့သည်။


ယင်းပွဲတွင် ပွဲချိန် မိနစ် ၉၀ အထိ ပြဿနာတစ်စုံတစ်ရာ မရှိ သော်လည်း ပွဲအပြီး၌နှစ်ဖက် ပရိ သတ်အချင်းများကာ  အရာဝတ္ထု အချို့နှင့် အပြန်အလှန်ပစ်ပေါက် မှုများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ကွင်းလုံခြုံရေးများက ပရိသတ် ၁၀ ဦးခန့်ကို ရဲကားပေါ်ခေါ် ဆောင်၍ ယာယီထိန်းသိမ်းခဲ့ရ သည်။ သို့သော်  အချင်းများမှုအ ပြီး၌ ယာယီထိန်းသိမ်းသည့် ပရိ သတ်များကို ပြန်လည်လွှတ်ပေးခဲ့ ကြောင်း ဦးအောင်အောင်မျိုးက ပြောသည်။

‘‘ဘောလုံးပွဲ ကန်နေတုန်းက တော့ ဘာမှမဖြစ်ပါဘူး။ ပွဲပြီး တော့မှ ပွဲကြည့်စင်ပေါ်မှာ နှစ် ဖက်ပရိသတ်တွေ အချင်းများခဲ့ တာပါ။ တစ်ဖက်နဲ့တစ်ဖက် မခံ ချင်အောင် အားပေးရင်းဖြစ်တယ် လို့ ထင်ပါတယ်။ လုံခြုံရေးတွေ လည်း ထိန်းသိမ်းနိုင်ခဲ့တယ်။ ပရိ သတ်တချို့ကိုတော့ ရဲကားမှာ ယာယီထိန်းလိုက်ရပေမယ့် အား လုံးအေးဆေးဖြစ်သွားတော့ ချက် ချင်း ပြန်လွှတ်ပေးလိုက်ပါတယ်။ အသင်းကို အရေးယူ၊ မယူဆိုတာ ကတော့ စည်းကမ်းထိန်းသိမ်းရေး က လူကြီးတွေ ရုပ်သံပြန်ကြည့်ပြီး  ဆုံးဖြတ်ပါလိမ့်မယ်’’ ဟု ၎င်းက ပြောသည်။

ယင်းသို့ အချင်းများမှုဖြစ်ခဲ့ သော်လည်း နှစ်ဖက်အသင်း ပရိ သတ်များ ကြီးကြီးမားမားဒဏ်ရာ ရရှိခြင်း မရှိကြောင်းနှင့် ဖြစ်ရပ် များအတွက် စိတ်မကောင်း ဖြစ်မိ ကြောင်း ဟံသာဝတီအသင်း ပရိ သတ် ကိုဆန်နီက ပြောသည်။

‘‘တကယ်ဆို ကျွန်တော်တို့ က ရန်ကုန်ပရိသတ်တွေ လာအား ပေးမှန်းတောင် သတိမထားမိဘူး။ ပွဲပြီးလို့စင်ပေါ်က အဆင်းကျမှ အော်ဟစ်အားပေးကြရင်း နှစ် ဖက်အချင်းများတာမျိုးတွေ ထ ဖြစ်တာပါ။ အလံတိုင်နဲ့ ရိုက်တာ မျိုးတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက် တာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြီးကြီးမားမား ဒဏ်ရာရတာမျိုး တော့မရှိပါဘူး။ တကယ်ဆိုဘယ် အသင်းပရိသတ်နဲ့ပဲ ဖြစ်ဖြစ် ကျွန် တော်တို့ကွင်းလာတဲ့အချိန် မဖြစ် စေချင်ပါဘူး’’ ဟု ၎င်းကပြော သည်။

ဟံသာဝတီနှင့် ရန်ကုန်အ သင်းပွဲတွင် ကွင်းလုံးပြည့် လာ ရောက်အားပေးသည့် ပရိသတ် များကို ကျေးဇူးတင်ကြောင်းနှင့် ပရိသတ်များကို ပိုမိုထိန်းထိန်း သိမ်းသိမ်းအားပေးစေရန် အသိပ ညာပေးမှုများ ဆောင်ရွက်သင့် ကြောင်း ရန်ကုန်အသင်းမန်နေဂျာ ဦးမြင့်သိန်းက ပြောသည်။

‘‘ပွဲက အမှတ်ပေးဇယားထိပ် ပိုင်းက နှစ်သင်းဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုကောင်းခဲ့တယ်။ နှစ် ဖက်အသင်း ဘာမှမဖြစ်ခဲ့သလို ပွဲချိန်အတွင်းမှာလည်း ဘာပြဿ နာမှမရှိခဲ့ဘူး။ ပွဲပြီးတော့မှစင်ပေါ် က နှစ်ဖက်ပရိသတ် အချင်းများ တာ  တွေ့ရပါတယ်။ ကျွန်တော် တို့က ကွင်းထဲကဆိုတော့သေချာ တော့မသိဘူး။ ပရိသတ်တချို့ နည်းနည်းထိခိုက်မိပြီး မူးဝေတာ မျိုးဖြစ်တယ်လို့တော့ သိရတယ်။ ပြန်တော့လုံခြုံရေးတွေက ရန်ကုန် အသင်းကားနဲ့ လိုက်အားပေးတဲ့ ပရိသတ်ကားကို မြို့ပြင်ထိလိုက် ပို့ပေးတယ်။ လမ်းတစ်လျှောက် မှာတော့ ဘာမှမဖြစ်ပါဘူး’’ ဟု ၎င်းက ပြောသည်။

ယင်းပွဲတွင် ရန်ကုန်အသင်း က တိုက်စစ်မှူးသန်းပိုင်၏ တစ် လုံးတည်းသော သွင်းဂိုးဖြင့် ဟံ သာဝတီကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ သည်။ ပွဲစဉ် (၁၃) အပြီးတွင် အ မှတ်ပေးဇယားကို ဦးဆောင်ထား သည့် ဟံသာဝတီအသင်းသည် ယခုပွဲအရှုံးကြောင့် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာကို ရန်ကုန် အသင်းထံသို့ လွှဲပြောင်းပေးခဲ့ရ သည်။

No comments:

Post a Comment