Tuesday, July 2, 2019

နေမာကို ယူရိုသန်း ၁၃၀ နှင့် ဘာစီလိုနာကစားသမားနှစ်ဦး ပေးလျှင် ပီအက်စ်ဂျီ လက်ခံမည်ဟု သတင်းထွက်ပေါ်

ဘရာဇီးတိုက်စစ်မှူးနေမာ အတွက် ဘာစီလိုနာက ယူရိုသန်း ၁၃၀ အပြင် ကစားသမားနှစ်ဦး အလိုက်ပေးပါက ပီအက်စ်ဂျီက ၎င်းကိုထွက်ခွာခွင့်ပြုမည်ဟု ပြင် သစ်သတင်းများက ဖော်ပြသည်။ လောလောဆယ်တွင် ဒဏ် ရာသက်သာလာကာ အပြေးလေ့ ကျင့်စက်ဖြင့် ကြံ့ခိုင်မှုပြန်လည် ပြည့်ဝရန် ကြိုးစားနေသော နေ မာသည် ဘာစီလိုနာသို့ ပြန်လာ လိုကြောင်း မိမိတို့ သိရှိသော် လည်း  နူးကမ့်ကွင်းသို့ ပြန်လည် ခေါ်ယူလိုခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရဦး မည်ဟု ဘာစီလိုနာဒုဥက္ကဋ္ဌဂျော်ဒီ ကာဒိုနာက ပြောကြားသည်။



ထိုအတောအတွင်း နေမာ ၏မိခင် ဘာစီလိုနာတွင် အိမ်လိုက် ရှာနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေ၍ ၎င်းနူးကမ့်သို့ ပြန်လာမည်ဆိုသော ပြောဆိုချက် များ အားကောင်းလာသည်။

 ပီအက်စ်ဂျီက ၂၀၁၇ အ တွင်း ဘာစီလိုနာမှ ယူရို ၂၂၂ သန်းဖြင့် ခေါ်ယူခဲ့သော နေမာအတွက် ကနဦး ယူရိုသန်း ၃၀၀ တောင်းဆိုခဲ့သော်လည်း ယခုအ ခါ ယူရိုသန်း ၁၃၀ နှင့်အတူ ဘာ စီလိုနာ ကစားသမားနှစ်ဦးရမည် ဆိုပါက ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ပြုမည်ဟု Le Parisien သတင်းစာက ဖော်ပြသည်။

နေမာ၏ အပြောင်းအရွှေ့ သဘောတူညီမှုတွင် ပီအက်စ်ဂျီ က ကော်တင်ဟို၊ ဒမ်ဘီလီ၊ ရာ ကီတစ်နှင့် အွမ်တီတီကဲ့သို့ ကစား သမားများကို အလိုက်လိုချင်နေ ကြောင်း ယင်းသတင်းက ဖော်ပြ သည်။

ပီအက်စ်ဂျီက နေမာကို အ သင်းတွင် ဆက်လက်ရှိနေစေ သော်လည်း အသင်းအတွက် အဓိက ဆုံးဖြတ်ရမည်ဖြစ်၍ အသင်း၌ နေမာ ဆက်မနေလိုပါက ထွက်ခွာခွင့်ပြုမည်ဟု သတင်း ထွက်ပေါ်နေသည်။

No comments:

Post a Comment