Tuesday, July 2, 2019

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျောင်းတိုက်တည်ထောင်ခြင်း ၄ နှစ်ပြည့် နှင့် နွေရာသီ ဒုလ္လဘရဟန်းခံ အလှူတော်မင်္ဂလာအခမ်းအနားအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့မှ တက်ရောက်ချီးမြင့်ခဲ့

၁၃၈၁ ခုနှစ်၊ နယုန်လကွယ် (၁၄) ရက် ၂၀၁၉ ခုနှစ်၊ ဂျူလိုင်လ (၁)ရက်၊ တနင်္လာနေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး တည်ထောင်တော်မူသော မြန်မာထေရဝါရဗုဒ္ဓဝိဟာရ ကျောင်းတိုက်တည်ထောင်ခြင်း ၄ နှစ်ပြည့်နှင့် နွေရာသီ ဒုလ္လဘရဟန်းခံ အလှူတော်မင်္ဂလာအခမ်းအနားအား ရဟန်းဒါယကာ ၊ ရဟန်းဒါယိကာမ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့မှ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။



အလှူတော်မင်္ဂလာပွဲသို့ ၀စီပိတ်ဆရာတော်၊ရှမ်းတောင်တန်းသာသနာပြုဆရာတော်၊ဘိတ်၊ ကော့သောင်း၊ စံလင်း၊ မန္တလေး၊ မေမြို့၊ ရွှေစက်တော်မှ ဆရာတော် (၁၃) ပါး၊ ကမ္ဘောဒီးယားဆရာတော် (၃)ပါးတို့ ပါဝင်ပြီး
ကျောင်းအမ၊ ရဟန်းအမ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊မြန်မာသံရုံးမှ သံအမတ်ကြီးမိသားစုနှင့် ၀န်ထမ်းများ၊ ရုရှားနိုင်ငံရောက်ပညာတော်သင်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ချီးမြောက်ကြပါသည်။

သာသနာနဲ့ နေရခွင့်ရမှ ချမ်းသာစစ်ကို ရနိုင်ကြသည်မို့ သာသနာ့အရေးကို အစဉ်အမြဲ အားပေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်လိုက်ပါသည်။

No comments:

Post a Comment