Tuesday, July 2, 2019

သဖန်းဆိပ်ဆည် ရေနည်းနေ၍ တောင်သူများ ချွေတာသုံးရန် သတိပေး

မိုးစပါးစိုက်ဧက ငါးသိန်းခန့်ကို ရေပေးဝေနေသော သဖန်း ဆိပ်ဆည်တွင် ဒေသတွင်း မိုးနည်း နေသဖြင့် ရေနည်းနေကာ တောင်သူများ ရေကို ချွေတာသုံးစွဲရန် ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သတိပေးသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေ ဘို၊ ဝက်လက်နှင့် မုံရွာအပါအဝင် မူးမြစ်ကမ်းဘေးရှိ မြို့နယ် ၁၀ ခုမှ မိုးစပါးဧက လေးသိန်းကိုးသောင်း ခန့်ကို နှစ်စဉ်ရေပေးနေသည့် သဖန်းဆိပ်ဆည်တွင် ယခုနှစ် ပုံမှန်ထက် ထက်ဝက်ခန့် ရေနည်းနေ၍ ရေလုံလောက်စွာ ပေးဝေ ရေး အခက်တွေ့နေသည်။



‘‘မိုးပုံမှန်ရွာရင် ရေက လုံ လောက်တယ်။ ဒီနှစ်က မိုးနည်း နေပြီး ဇူလိုင်မှာပါ မိုးမရမှာ စိုးလို့ တောင်သူတွေကို သတိပေးတာ’’ ဟု သဖန်းဆိပ်ဆည် တာဝန်ခံ၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဝေထွန်းက ပြောသည်။

 ဆည်ရေပေးဝေနေသည့် မြို့နယ် ၁၀ ခုမှ ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံးချမှု စီမံခန့် ခွဲရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သဖန်းဆိပ်ဆည်၏ လတ်တလောအခြေ အနေကြောင့် တောင်သူများ ရေ ချွေတာသုံးစွဲရန် အသံချဲ့စက်များ ဖြင့် လိုက်လံသတိပေးနေသည်။

ယခင်နှစ်များက မေလနှင့် ဇွန်လအတွင်း ဆည်အတွင်း သို လှောင်ရေ ဧက ပေ ၁၂ သိန်းမှ ၁၅ သိန်းကြား ရှိသော်လည်း ၂၀၁၉ မေလနှင့် ဇွန်လအတွင်း သိုလှောင်ရေ ဧက ပေခုနစ်သိန်း ခန့်သာ ရှိနေသည်ဟု ဦးသက်ဝေ ထွန်းက ဆိုသည်။ ဇွန်လ ၃၀ ရက် တိုင်းတာချက်အရ ဧက ပေ ၇၀၅,၀၃၀ သာ သိုလှောင်ထားနိုင် ပြီး မိုးလည်း ရွာသွန်းခြင်းမရှိသေး ဟု သဖန်းဆိပ်ဆည် တာဝန်ခံက ဆိုသည်။  စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည် သည် မြန်မာနိုင်ငံ၌ အကြီးဆုံးဖြစ် ပြီး ရေဧက ပေ ၂,၇၉၄,၀၀၀ အထိ သိုလှောင်နိုင်သည်။ ယခုနှစ် မိုးကာလ ရေရရှိမှုနည်းပါးပါကမိုးစပါးစိုက်တောင်သူများ အခက် တွေ့ဖွယ်ရှိသည်။

No comments:

Post a Comment