Tuesday, July 2, 2019

ကျောင်းသားသမဂ္ဂအဆောက်အအုံ ဆောက်လုပ်ရန် ကြန့်ကြာရခြင်းအကြောင်း ဦးဖြိုးမင်းသိန်းပြော

တစ်ခုခုကို အတင်းပုံ ဖော်သောပုံစံမျိုး မဆောင်ရွက်လို သဖြင့် ကျောင်းသားသမဂ္ဂအ ဆောက်အအုံ ဆောက်လုပ်ရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအနေဖြင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည် ဆောက်လုပ်ရန် ခေတ်အဆက် ဆက်ကျောင်းသားအဖွဲ့များနှင့် ၂၀၁၇ ကတည်းက တွေ့ဆုံဆွေး နွေးခဲ့သော်လည်း လက်ရှိအချိန် ထိ အကောင်အထည်ဖော်နိုင်မှု မရှိသေးပေ။



‘‘အားလုံးမဟုတ်ဘဲနဲ့ အ တင်းလုပ်ချင်တဲ့သူတွေ၊ အတွေး အခေါ်အမျိုးမျိုးကြားမှာ တစ်ခုခု ကို အတင်းပုံဖော်တဲ့ပုံစံမျိုး မဆောင်ရွက်ချင်တဲ့အတွက် အ ချိန်ကြန့်ကြာနေခဲ့တာ ဖြစ်ပါ တယ်’’ ဟု ဦးဖြိုးမင်းသိန်းကပြော သည်။

အဆိုပါကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဆောက်လုပ် ရန် ဆန္ဒရှိနေဆဲဖြစ်ကာ ဖြစ် မြောက်လာနိုင်ရေး ဆက်လက် ကြိုးစားမည်ဟု ၎င်းကပြောကြား သည်။

‘‘အားလုံးသဘောတူညီမှု တစ်ခုရရှိတဲ့အချိန်မှာဒီကျောင်း သားသမဂ္ဂအဆောက်အအုံကြီး ကို ပြန်ဆောက်နိုင်ဖို့အတွက် ကျွန်တော့်ရင်ထဲမှာ အမြဲတမ်းရှိ နေသလို ကျွန်တော်အမြဲကြိုးပမ်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

အဆောက်အအုံဆောက် လုပ်ရန်  ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂအဖွဲ့များအ ကြား သဘောထားကွဲလွဲမှုများဖြစ် ပေါ်ခဲ့သည်။ ယင်း အဆောက်အအုံ ဆောက်လုပ်မည့် ဒီဇိုင်းအပါအ ၀င် စီမံထိန်းသိမ်းတာဝန်ယူမည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုအချို့ရှိခြင်း ဖြစ်သည်။ အဆောက်အအုံကို ၁၉၆၂ ဇူလိုင်တွင် မိုင်းဖြင့်ဖောက် ခွဲဖျက်ဆီးခံခဲ့ရသည်။

No comments:

Post a Comment