Tuesday, July 2, 2019

NCA တွင်ပါဝင်ပြီး ငြိမ်းချမ်းရေးအာမခံချက်ရရှိအောင် ဆောင်ရွက်မည်ဟု မိုင်းလားအဖွဲ့ခေါင်းဆောင်ပြော

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) အပါအ၀င် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွင် တက် ကြွစွာ ပါဝင်ခြင်းဖြင့် ဒေသငြိမ်း ချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေး အာမခံချက်ရရှိအောင် ဆောင်ရွက်မည်ဟု မိုင်းလားလက်နက် ကိုင်အဖွဲ့ (NDAA) ခေါင်းဆောင် ဦးစိုင်းလင်းက ပြောကြားသည်။ ဦးစိုင်းလင်း ခေါင်းဆောင် သော မိုင်းလားလက်နက်ကိုင်အ ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ မှ ခွဲထွက်ပြီး ၁၉၈၉ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့သည့်  နှစ်(၃၀)ပြည့် အထိမ်းအမှတ်ပွဲကို ယမန်နေ့က မိုင်းလားဒေသ၌ ကျင်းပခဲ့သည်။ ယင်းနှစ်(၃၀)ပြည့်ပွဲတွင် အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း က မိန့်ခွန်းပြောကြားရာ၌ NCA တွင် ပါဝင်မည်ဟု အများသို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြား သည်။



‘‘နိုင်ငံတော်ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ၂၁ ရာစုပင်လုံ ညီလာခံစိတ်ဓာတ် ဖြင့် NCA သဘောတူညီချက်ကို ဆောလျင်စွာ ရရှိပြီး နိုင်ငံရေးဆွေး နွေးခြင်းမှတစ်ဆင့် ထာဝရငြိမ်း ချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်’’ ဟု ဦးစိုင်းလင်းက ပြောကြားသည်။

မိုင်းလားအဖွဲ့၏ ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့်ပွဲသို့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ ရာ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က အခမ်းအနား တွင် ဖတ်ကြားခဲ့သည်။

မိုင်းလားအဖွဲ့အနေဖြင့် NCA တွင် ပါဝင်လက်မှတ်ရေး ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲရလဒ် များနှင့်အညီ ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စုကို အတူတကွ ဖော်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။

မိုင်းလားအပါအ၀င် ကျန်နေ သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံး ငြိမ်းချမ်းရေး ညီလာခံစားပွဲဝိုင်းတွင် ပါဝင်လာ ရေး အစိုးရက တံခါးအမြဲဖွင့်လှစ် ထားကြောင်း၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် စောင့်ထိန်းမှုဖြင့် လက်ရှိ တည်ဆောက်ထားသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်အဆင့်မှ NCA အဆင့်သို့ တက်လှမ်းကာ စစ် မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေး တည် ဆောက်ရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း  ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းက ‘‘ဘက်အသီးသီးမှ အခြေအနေများကို ထည့်သွင်းစဉ်းစား၍  အဘက်ဘက်နဲ့ ပြေ လည်စွာဆွေးနွေးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တက်ကြွစွာ ပါဝင်ခြင်းနဲ့ ကျွန်တော်တို့ဒေသ ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် အာမခံချက်ရရှိ အောင် ဆောင်ရွက်သွားမှာဖြစ်ပါ တယ်’’ ဟု ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းအပါအ ၀င် မိုင်းလားဒေသ ဖွံ့ဖြိုးရေးလုပ် ငန်းများကို အလေးထားဆောင် ရွက်မည်ဖြစ်ကြာင်း၊ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်မည်ဖြစ်ပြီး ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်း ကမ်းလှမ်းချက်အတိုင်း လျှောက်လှမ်း မည်ဖြစ်ကြောင်း မိုင်းလားခေါင်း ဆောင်က ဆိုသည်။

‘‘နိုင်ငံတော် နယ်စွန်နယ်ဖျား မှာ တည်ရှိနေတဲ့ ရှမ်းအရှေ့အ ထူးဒေသ (၄) ကို တည်ငြိမ်အေး ချမ်းဖွံ့ဖြိုးသာယာဝပြောတဲ့၊ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိတဲ့ ဒေသအဖြစ် တည်ဆောက် သွားမှာဖြစ်ပြီး လူထုကျေနပ်တဲ့၊ နိုင်ငံတော်အစိုးရ အသိအမှတ်ပြု တဲ့၊ နိုင်ငံတကာလေးစားတဲ့ ဒေသ ဖြစ်ပေါ်လာအောင် ကြိုးစားသွား မှာ ဖြစ်ပါတယ်’’ ဟု ဦးစိုင်းလင်း က ပြောသည်။

လွန်ခဲ့သည့် နှစ်(၃၀)က  အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး နောက် မိုင်လား၊ နမ့်ပန်း၊ ဆီး လူးဒေသကို ရှမ်းပြည်နယ် အထူး ဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့ ရာ မိုင်းလားအဖွဲ့က စီမံအုပ်ချုပ် နေသည်။ အဆိုပါဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တရားဝင်အသိအမှတ်ပြုခံရရေး မိုင်းလားအဖွဲ့ကလည်း  လိုလားနေသည်။

မိုင်းလားအဖွဲ့သည် ယခင် အစိုးရလက်ထက်တွင် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့သော် လည်း NCA တွင် ပါဝင်လက်မှတ် ရေးထိုးခြင်းမရှိသေးပေ။ မိုင်းလား အဖွဲ့သည် ၎င်းနှင့် နယ်မြေချင်း ထိစပ်နေသည့် ‘၀’ လက်နက်ကိုင် အဖွဲ့(UWSA) ဦးဆောင်သော မြောက်ပိုင်း လက်နက်ကိုင်ခုနစ်ဖွဲ့၏ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်သည်။ FPNCC အဖွဲ့ဝင် အားလုံး NCA တွင် ပါဝင်ခြင်း မရှိသေးပေ။ မိုင်းလားအဖွဲ့၏ နှစ်(၃၀) ပြည့်ပွဲသို့ အစိုးရ ကိုယ်စားလှယ် အဖွဲ့၊ KNU အပါအ၀င် NCA လက်မှတ်ထိုးတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ခေါင်းဆောင်များ နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

No comments:

Post a Comment