Tuesday, July 2, 2019

ဒေါက်တာအေးမောင်အမှု အယူခံလျှောက်လဲချက် ဇူလိုင်နောက်ဆုံးပတ် တင်သွင်းရမည်

ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံထားရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှုအတွက် အယူခံလျှောက်လဲချက်ကို ပြည်ထောင် စုတရားလွှတ်တော်၌ လာမည့် ဇူလိုင် ၂၆ ရက်တွင် တင်သွင်းရ မည်ဖြစ်ကြောင်း ၎င်းတို့၏ရှေ့နေ များက ပြောသည်။  ၎င်းတို့နှစ်ဦးအတွက် အယူခံ ကို ပြည်နယ်တရားလွှတ်တော်၌ တင်သွင်းသော်လည်း ပယ်ချခံ ခဲ့ရသဖြင့် ပြည်ထောင်စုတရား လွှတ်တော်သို့ အယူခံထပ်မံတင် သွင်းခဲ့သည်။ ထိုအယူခံနှင့်ပတ် သက်၍ ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့၏ရှေ့နေများ က လျှောက်လဲချက်တင်သွင်းရ မည်ဖြစ်သည်။



‘‘အယူခံအတွက် လျှောက် လဲချက်ပေးရမယ်။ အဲဒီအပေါ်မှာ အယူခံကို လက်ခံသင့်၊ မသင့် ဆုံးဖြတ်မှာပေါ့’’ဟု ဒေါက်တာ အေးမောင်၏ရှေ့နေ ဦးကျော် ညွန့်မောင်က ပြောသည်။

ရှေ့နေများက တင်သွင်းလာသည့် အယူခံလျှောက်လဲချက်များ အပေါ် ပြည်ထောင်စုတရားလွှတ် တော်က လက်ခံ၊ မခံ မည်သည့်နေ့တွင် ဆုံးဖြတ်မည်ကို မသိရ သေးကြောင်း ၎င်းကဆိုသည်။

အယူခံကို ပြည်ထောင်စု တရားလွှတ်တော်က လက်ခံပါက အမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့ နေများက တရားသူကြီးရှေ့မှောက် ၌ လျှောက်လဲချက်တင်သွင်းရ မည်ဖြစ်သည်။ ယင်းလျှောက်လဲ ချက်များအပေါ် တရားသူကြီးက အမိန့်ချမည်ဖြစ်သည်။

‘‘ပြည်နယ်မှာ ပယ်ချခံရ တယ်။ ဒီတစ်ခါတော့ အောင်မြင် မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ရှေ့နေ ဦးကျော်ညွန့်မောင်က အ ယူခံနှင့်ပတ်သက်၍ ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ကို စစ်တွေခရိုင်တရားရုံးက နိုင်ငံ တော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့ဖြင့် ပြီးခဲ့သည့် မတ် လ ၁၉ ရက်က ထောင်ဒဏ် ၂၂ နှစ်ချမှတ်ခဲ့သည်။ ၎င်းတို့သည် ရသေ့တောင် မြို့နယ် ဟောပြောပွဲတစ်ခုတွင် ဟောပြောချက်များနှင့်ပတ်သက် ၍ ရခိုင်ပြည်နယ်အစိုးရ၏ တရား စွဲဆိုမှုခံရကာ ထိုသို့ ပြစ်ဒဏ်ချ မှတ်ခံရခြင်းဖြစ်သည်။ အမိန့်ချ မှတ်စဉ်က ၎င်းတို့ကို စစ်တွေအ ကျဉ်းထောင်၌ ထားသော်လည်း ဧပြီလဆန်းတွင် အင်းစိန်အကျဉ်း ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

No comments:

Post a Comment