Tuesday, July 2, 2019

နိုင်ငံတကာနှင့် ကုလဖိအားကို မြန်မာနိုင်ငံရောက် နိုင်ငံတကာစီးပွားရေးအဖွဲ့များက ခုခံရန်ပြင်ဆင်

 မြန်မာနိုင်ငံသို့ ရောက် ရှိနေသော နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းများက နိုင်ငံတကာ နှင့် ကုလသမဂ္ဂ(UN)တို့၏ ဖိအား များကို ခုခံမည့်အစီအစဉ်များ ဆောင်ရွက်နေကြောင်း မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ပြော ကြားသည်။ အမေရိကန်၊ ဥရောပကုန် သည်ကြီးများအပါအ၀င် နိုင်ငံအ ချို့က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုများ ထပ်မံတိုးမြှင့်နိုင်မည့်နည်း လမ်းများကို ကုန်သည်စက်မှုအ သင်းချုပ်သို့ တင်ပြတောင်းဆိုခဲ့ သည်ဟု ၎င်းကဆိုသည်။



အမေရိကန်က ဂျပန်နိုင်ငံ နှင့်ပူးပေါင်းပြီး လာမည့်ဩဂုတ် တွင် မြန်မာနိုင်ငံ၌ စီးပွားရေးဖိုရမ် တစ်ခုပြုလုပ်ရန် စီစဉ်ထားပြီး ဥရောပကုန်သည်ကြီးများအသင်း ကလည်း တရုတ်နိုင်ငံနှင့်ပူးပေါင်း ၍ စီးပွားရေးဖိုရမ်ပြုလုပ်ရန် စီစဉ်ထားသည်ဟုဆိုသည်။

‘‘သူတို့တစ်ဖက်က ၀ိုင်းကူ တဲ့သဘောနဲ့ ရည်ရွယ်ပြီးလုပ် တယ်လို့ပြောပါတယ်’’ ဟု ဦးဇော် မင်းဝင်းက ဆိုသည်။

အနောက်နိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုအသစ်များ မြန်မာနိုင်ငံသို့ ထပ်မံဝင်ရောက်လာရန် အမေရိ ကန်နှင့် ဥရောပကုန်သည်အသင်း များက ဆန္ဒရှိသည်ဟု ၎င်းကဆို သည်။

ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံမ၀င်ရောက်ပါက လက်ရှိ ရှိပြီးသား စီးပွားရေးလုပ်ငန်းများ အတွက် စိုးရိမ်သည်ဟုအဆိုပါ အဖွဲ့အစည်းများကပြောကြောင်း ဇွန်လ ၂၉ ရက်တွင်ဒုတိယသမ္မတ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ဦးဇော်မင်းဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ ဖြိုးတိုးတက်မှုစီမံကိန်း (MSDP-2018/2030)နှင့် စီမံကိန်းဘဏ် အကြောင်းကို နိုင်ငံတကာ စီးပွား ရေးအသင်းအဖွဲ့များက တိကျစွာ သိလိုနေသည်ဟုလည်း ၎င်းကဆို သည်။

ထို့အပြင် စီးပွားရေးဆိုင်ရာ ၀န်ကြီးများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ် များပြုလုပ်ရန် ကုန်သည်စက်မှု အသင်းချုပ်ကို တောင်းဆိုသည် ဟုဆိုသည်။

အီးယူ(ဥရောပသမဂ္ဂ)က မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက် များအပေါ် ခိုင်မာစွာဆက်လက် ထောက်ခံနေသည်။ အီးယူအဖွဲ့ ၀င်နိုင်ငံများသို့ မြန်မာနိုင်ငံမှ ပို့ ကုန်ပမာဏသည် ၂၀၁၈ တွင် ၄၇ ရာခိုင်နှုန်းတိုးတက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ ရုံးက ပြီးခဲ့သည့်မတ်လကုန်၌ သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံ ထားသည့် အီးယူအဖွဲ့ဝင်ကုမ္ပဏီ ၇၀ ရာခိုင်နှုန်းကျော်က လာမည့် သုံးနှစ်အတွင်း ၀င်ငွေတိုးတက် လာရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကုန် သည်ကြီးများအသင်း (EURO-Cham)က ခန့်မှန်းထားသည်။

No comments:

Post a Comment