Tuesday, July 2, 2019

မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီးသို့ လာရောက်သည့် နိုင်ငံခြားသားများထံမှ ဝင်ကြေး ၅၀၀၀ ကျပ်နှုန်း စတင်ကောက်ခံ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီးသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်း ဝင်ကြေးအဖြစ်ကောက်ခံမှုကို ဇူလိုင်လ ၁ ရက်နေ့က စတင်ကောက်ခံနေပြီဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က သိရသည်။ ယခင်က လာ​ရောက်​လည်​ပတ်​​သည့် နိုင်​ငံခြားသားဧည့်​သည်​များထံမှ ဓာတ်​ပုံ ၊ဗီဒီယိုရိုက်​ကူးမှုအတွက်​ ကင်​မရာခွန်​အဖြစ်​ တစ်​​ထောင်​ကျပ်နှုန်း ​ကောက်​ယူရာက​နေ ဝင်​​ကြေးကို ငါး​ထောင်​ကျပ်နှုန်း သတ်မှတ်၍ ကောက်ယူခြင်းဖြစ်သည်။



"နိုင်​ငံခြားသားဧည့်​သည်​တွေဆီကနေ ဝင်ကြေးကောက်တာ ဒီနေ့စကောက်တာပါ ။ အရင်က ပြောထားတဲ့အတိုင်း နှုန်းထားပဲကောက်တာပါ။" ဟု ဘုရားဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်း က ပြောသည် ။

ထိုသို့ကောက်ခံခြင်းသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြ၍ ကောက်ခံခြင်းဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က သိရသည်။

နိုင်ငံခြားသား ဧည့်သည်များထံက ငွေကြေး ​ကောက်​ယူမှု အဆင်​​ပြေ​စေဖို့အတွက် Information Center ​​များထားရှိပေးထားပြီး ဘုရားကြီး​တောင်​ဘက်​မုဒ်​၊ အ​ရှေ့ဘက်​မုဒ်​ နှင့် ​မြောက်​မုဒ်​ ခြင်းလုံးရုံးအနီးတွင် Information center များ ထားပေးထားကြောင်း သိရသည် ။

ထို့အပြင်​ နိုင်​ငံခြား သားဧည့်​သည်​​တွေ နား​နေနိုင်​ရန် နှင့် ဝန်​​ဆောင်​မှုလုပ်​ငန်း​တွေကိုလည်း တိုးမြှင့်​သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့က သိရသည်။

No comments:

Post a Comment