Tuesday, July 2, 2019

အာဖဂန်နစ္စတန်တွင် ကုန်တင်ကားတစီးဗုံးပေါက်ကွဲ၊ ၁ဝဝ ကျော်ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ ဇူလိုင် ၁ ရက်က လူစည်ကားချိန် ကာကွယ်ရေး ဝန်ကြီးဌာနရုံးနားမှာ ဗုံးထောင်ထားတဲ့ ကုန်တင်ကားတစီး ပေါက်ကွဲခဲ့တာကြောင့် လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေး ၃၅ ယောက်လည်းပါပြီး လက်ရှိမှာ သူတို့ကို ကဘူးလ်မြို့ ဆေးရုံကို ပို့ထားပါတယ်။ အဲဒီပေါက်ကွဲမှု ဖြစ်ပြီးနောက် ကဘူးလ်မြို့ထဲမှာ သေနတ်သမားတွေနဲ့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်နေကြပါတယ်။



သေဆုံးသူ အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ မြို့တော်ကဘူးလ်မှာ ကားဗုံးပေါက်လို့ မီးခိုးမဲတွေ အလိပ်လိုက် ထွက်ပေါ်လာပြီး တချိန်တည်းမှာပဲ သေနတ်သံတွေနဲ့ အရေးပေါ် လူနာတင်ကား အသံတွေ ထွက်ပေါ်လာတယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုက သူတို့လက်ချက်လို့ တာလီဘန် စစ်သွေးကြွတွေက ကြေညာခဲ့ပါတယ်။  တာလီဘန်စစ်သွေးကြွအဖွဲ့နဲ့ အမေရိကန်ကြား ၇ ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကာတာနိုင်ငံမှာ ကျင်းပနေချိန် အဲဒီပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲ အဆုံးဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေတာ ဖြစ်ပါတယ်။

No comments:

Post a Comment