Tuesday, July 2, 2019

တောင်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

Image may contain: one or more people and outdoor
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်၊ သံသုမာလမ်း၊ အိမ်အမှတ် (မ/၉၇၁)ရှိ အစ္စလာမ်ဟူဆွန်နီယာ မိဘမဲ့ဘာသာရေး စာသင်ကျောင်း၌ ယနေ့ နံနက် ၃ နာရီခွဲက မီးလောင်ကြောင်း သတင်းရရှိသဖြင့် တိုင်းဒေသကြီး မီးသတ် ဦးစီးမှူး ဦးမျိုးဝင်းနှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခိုင်ဝင်း အဖွဲ့တို့မှ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ ကွပ်ကဲမှုယာဉ် (၄)စီး၊ အထောက်ကူပြုယာဉ်(၆)စီးတို့ဖြင့် သွားရောက် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားနေစဉ် အဆိုပါကျောင်းတွင် ညစောင့်တာဝန်ခံ ဇေယျာလင်း(၂၇)နှစ် (ဘ)ဦးဟန်မြင့်၊ ထမင်းချက်ဖြစ်သူ မောင်မောင်(၃၈)နှစ် (ဘ)ဦးမြင့်ငြိမ်း နှင့် စာသင်ကျောင်းသား (၇၅)ဦးရှိနေပြီး ဖြစ်စဉ်အတွင်း မီးကို ပေါ့ဆစွာသုံးစွဲခဲ့သူများအား စုံစမ်း စစ်ဆေးဆဲဖြစ်ကြောင်း၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှ တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment