Tuesday, July 2, 2019

တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်တွေ ထုတ်လို့ရပြီ

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်တွေကို ဒီကနေ့ စတင်ထုတ်ပေးနေပါပြီ။ ပထမဆုံး စထုတ်ပေးတဲ့နေ့မှာပဲ လာရောက်ထုတ်ယူသူ ငါးထောင်ဝန်းကျင်ရှိတယ်လို့ သတင်းရရှိပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရန်ကုန်ရုံးခွဲ (လှိုင်တက္ကသိုလ်နယ်မြေ)နဲ့ နေပြည်တော် ရုံးအမှတ်(၅၂)မှာ ထုတ်ပေးနေတာဖြစ်ပါတယ်။ြ မန်မာနိုင်ငံစာစစ်ဦးစီးဌာန ရန်ကုန်ရုံးခွဲသစ်မှာ ရန်ကုန်တိုင်းအပါအ၀င် အခြားပြည်နယ်နဲ့တိုင်းက အမှတ်စာရင်းတွေကို ကောင်တာ(၁၀)ခုဖွင့်ပြီး ထုတ်ပေးနေတာပါ။



မူရင်းအောင်လက်မှတ်ဟာ ကျောင်းသားကျောင်းသူတစ်ဦးကို တစ်ကြိမ်သာ ထုတ်ပေးတာဖြစ်တဲ့အတွက် အောင်လက်မှတ်မှာပါဝင်တဲ့အချက်အလက်တွေမှားယွင်းမှုမရှိဖို့ အဆင့်ဆင့်စစ်ဆေးပြီးမှသာ ထုတ်ပေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံကပြောပါတယ်။

ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ အောင်လက်မှတ် ကိုယ်တိုင်ထုတ်ယူမယ်ဆိုရင် ခြောက်လအတွင်း ရိုက်ကူးထားတဲ့ ပတ်စ်ပို့ ဓာတ်ပုံနှစ်ပုံ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း၊ အမည်၊ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္က ရာဇ်၊
မိဘအမည်နဲ့ နေရပ်လိပ်စာတို့လိုပါတယ်။

ကိုယ်စားထုတ်ယူမယ်ဆိုရင်တော့ ကိုယ်စားထုတ်ယူခွင့် လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနဲ့ မိတ္တူတစ်စုံ၊ကျောင်းသား၊ ကျောင်းသူရဲ့ ခြောက်လအတွင်းရိုက်ကူးထားတဲ့ ပတ်စ်ပို့ဓာတ်ပုံနှစ်ပုံ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူတစ်စုံ၊ အမည်၊ ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်၊ မိဘအမည်နဲ့  နေရပ်လိပ်စာတို့လိုတာပါ။

အောင်လက်မှတ်ထုတ်ယူရာမှာ လျှောက်လွှာတစ်စောင်နဲ့တံဆိပ်ခေါင်းကြေးကို ကျပ်(၆၀၀)သတ်မှတ်ထားတာဖြစ်ပါတယ်။

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွေကို ဇွန်လ ၈ ရက်က ထုတ်ပြန်ခဲ့ပြီး အမှတ်စာရင်းတွေကိုတော့ ဇွန်လ(၁၀)ရက်နေ့ကစပြီး ထုတ်ပေးနေတာဖြစ်ပါတယ်။

No comments:

Post a Comment