Tuesday, July 2, 2019

ထိုင်းနယ်စပ်ရှိ ဒုက္ခသည် ၃၀၀ ကျော်ကို မြန်မာနိုင်ငံသို့ လွှဲပြောင်းမည် စတုတ္ထအကြိမ် ဒုက္ခသည် လွှဲပြောင်းမှုဖြစ်

မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည် ၃၀၀ ကျော်ကို နှစ်နိုင်ငံ အစိုးရအစီအစဉ်အရ မြန်မာနိုင်ငံသို့ ယခုတစ်ပတ်အတွင်း ထပ်မံလွှဲ ပြောင်းမည်ဖြစ်ကြောင်း  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး(UNHCR)က ဇူလိုင် ၁ ရက်တွင် သတင်းထုတ်ပြန် သည်။ ယခုဒုက္ခသည်များ လွှဲပြောင်းမှုသည် စတုတ္ထအကြိမ်ဖြစ်ကာ  ဒုက္ခသည်စခန်းခြောက် ခုတွင် နေထိုင်သူများ ပါဝင်မည်ဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဒုက္ခသည်များ လွှဲပြောင်းမှုကို နှစ်နိုင်ငံနယ်စပ်တွင် တရားဝင်အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ကာ နေရပ်ပြန်မည့်သူများကို မြန်မာအစိုးရအဖွဲ့တာဝန်ရှိသူ များနှင့် တွေ့ဆုံစေ၍ နိုင်ငံသား ဆိုင်ရာ အထောက်အထားများ ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။



နေရပ်ပြန်ဒုက္ခသည်များ၏ အခြေအနေကို စောင့်ကြည့်၍ ပြည်တွင်းသို့ ပြန်ရန်စဉ်းစားနေ သည့် ဒုက္ခသည်များ ရှိနေသေး ကြောင်း ကရင်ဒုက္ခသည်များ ကော်မတီအတွင်းရေးမှူး ဦးဘွယ်စေးကပြောသည်။

 ‘‘ပြည်တွင်းငြိမ်းချမ်းရေး အနေအထားနဲ့ စခန်းတွေမှာ ထောက်ပံ့မှု လျော့ကျတာတွေ၊ နေထိုင်မှု အခြေအနေတွေကို ကြည့်ပြီး ဒီလိုစဉ်းစားကြတယ်လို့ သိရတယ်။ တချို့ကလည်း စောင့်ကြည့်နေတာပေါ့နော်။ အများစုကတော့ တိုက်ပွဲတွေ မရှိတာတို့၊ ပြည်တွင်းမှာ လုပ်ကိုင်စားသောက်မှု အဆင်ပြေတာတို့ရှိရင် နေရပ်ပြန်ဖို့ မျှော်လင့်နေကြတာပေါ့’’ဟု ဦးဘွယ်စေးက ပြော သည်။

ဒုက္ခသည်များ ပြည်တော် ပြန်နိုင်ရေး ဒေါ်အောင်ဆန်းစု ကြည်၏ ၂၀၁၆ ထိုင်းခရီးစဉ်အ  တွင်း နှစ်နိုင်ငံအစိုးရက သဘော တူညီခဲ့သည်။ UNHCR ပံ့ပိုးမှုနှင့်  နှစ်ဖက်အစိုးရ၏ နေရပ်သို့ တရား ဝင်ပြန်ပို့ရေး အစီအစဉ်ဖြင့် ၂၀၁၆ အောက်တိုဘာ၌ ဒုက္ခ သည် ၇၁ ဦး၊ ၂၀၁၈ မေလတွင် ဒုက္ခသည် ၈၆ ဦးနှင့် ၂၀၁၉ ဖေ ဖော်ဝါရီတွင် ဒုက္ခသည် ၅၀၀ ကျော် မိမိတို့ ဆန္ဒအလျောက်နေ ရပ်ပြန်မှုကို နှစ်နိုင်ငံနယ်စပ်၌ တ ရားဝင်အခမ်းအနားဖြင့် သက် ဆိုင်ရာ တာဝန်ရှိသူများက မြန်မာ နိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ထား သည်။

ဒုက္ခသည်များ ဌာနေသို့ မိမိ ဆန္ဒအလျောက် ပြန်နိုင်ရန် UNHCR က ဒုက္ခသည်စခန်းတိုင်း တွင် ဌာနေပြန်နိုင်ရေး အကျိုး ဆောင်ဌာနများ ဖွင့်လှစ်ထားမည် ဖြစ်၍ ပြန်လိုသူများ စာရင်းပေး နိုင်ကြောင်း ကြေညာထားသည်။

ဒုက္ခသည်စခန်းများမှ နေ ရပ်ပြန်သူအများစုသည် မြန်မာ နိုင်ငံ အလယ်ပိုင်းဒေသသို့ အခြေ ချရန် သွားရောက်ကြကြောင်းနှင့် ယခင်နေရပ်ပြန်ဒုက္ခသည်များ၏ နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့က စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း ကရင် ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆို ခွင့်ရှိသူက ပြောကြားထားသည်။

လက်ရှိတွင် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် ကရင်ဒုက္ခ  သည်စခန်း ခုနစ်ခုနှင့် ကရင်နီ (ကယား) ဒုက္ခသည်စခန်းနှစ်ခု စုစုပေါင်းစခန်းကိုးခု၌ မြန်မာဒုက္ခသည် ၉၅,၀၀၀ ကျော် ခိုလှုံနေပြီး အများစုသည် ကရင်၊ ကရင်နီ (ကယား)၊ ဗမာနှင့် မွန်တိုင်းရင်းသားများဖြစ်ကြောင်း နယ်စပ်ဒေသ ကူညီပေးရေးညွန့်ပေါင်း အဖွဲ့(TBC)၏ အချက်အလက်များတွင် ဖော်ပြသည်။

မိမိဆန္ဒအလျောက် နေရပ် ပြန်လိုသူ မြန်မာနိုင်ငံသားများကို ဇူလိုင် ၁ ရက်က နို့ပိုးဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသား ၁၅၁ ဦး၊ မယ်လဒုက္ခသည်စခန်းမှ ငါးဦး၊ အုန်းပြန်ဒုက္ခသည်စခန်းမှ တစ်ဦး စုစုပေါင်း ၁၅၇ ဦးအား မြန်မာ-ထိုင်း  ချစ်ကြည်ရေးတံတား အမှတ်(၁)မှတစ်ဆင့် ခေါ်ဆောင်ခဲ့ပြီး မြန်မာဘက်မှ တာဝန်ရှိသူများက မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် ကြိုဆိုလက်ခံခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
ယခုတစ်ကြိမ် နေရပ်ပြန် ရေး အစီအစဉ်ကို ဇူလိုင် ၃ ရက် နေ့အထိ ပြုလုပ်မည်ဖြစ်ကာ နေ ရပ်ပြန် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ ဝန်ကြီဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လက် ခံရေးကော်မတီဝင်များမှ နေရပ် ပြန်များ အခြေချနေထိုင်မည့် မူ လဇာတိဒေသများအရောက် ပို့ ဆောင်ခြင်း၊ အိမ်ထောင်စုသုံး လတ်တလော ထောက်ပံ့ပစ္စည်း နှင့် ငွေကြေးများ ပေးအပ်ခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် မြန်မာ နိုင်ငံသားဆိုင်ရာ အိမ်ထောင်စု ဇယား ပုံစံ-၁၀၊ နိုင်ငံသားခိုင်မာမှု အဆင့်အလိုက် နိုင်ငံသားစိစစ် ရေးကတ်များ ဆက်လက်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

No comments:

Post a Comment