Tuesday, July 2, 2019

ဘီယာသောက်ပြိုင်ပွဲဝင်ခဲ့သူ သေဆုံး

ဇွန်လ ၂၉ ရက် စနေနေ့ က ထိုင်းနိုင်ငံ အရှေ့ပိုင်း အိစံ ဒေသ ဘီယာသောက်ပြိုင်ပွဲမှာ ပါဝင်ပြိုင်ခဲ့တဲ့ ထိုင်းလူငယ် အသက်၂၈ နှစ်ဟာ သတ်မှတ်ထားတဲ့အတိုင်းဘီယာ မိုက်ခွက် အကုန်သောက်နိုင်ခဲ့ပြီးတဲ့နောက် လဲကျသေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ထိုင်းလူငယ်တွေအကြားမှာ ခုလို ဘီယာပြိုင်သောက်တဲ့ ဓလေ့ဟာ ပါတီတွေ -နိုက်ကလ ပ်မှာ ၀ိုင်းဖွဲ့  သောက်တဲ့သူတွေ အပျော် လုပ်လေ့ရှိ ပါတယ်။



ယခုဖြစ်ရပ်မှာ သေဆုံးသူအမျိုးသားဟာ ကျန်းမာေ၇းဆိုင်ရာ ဘာရောဂါမှ မရှိပေမယ့် စက္ကန့် ပိုင်းအတွင်း သူအကုန်သောက်ခဲ့တဲ့ ဘီယာရေချိန်ဆောင့်တက်တဲ့ ဒဏ်မခံနိုင်ဖြစ်သွားခဲ့တာပါ။

သေဆုံးသူအမျိုးသားဟာ ဘီယာမိုက်ခွက်ကိုကိုင်ပြီး သူအကုန်သောက်နိုင်ကြောင်း သူငယ်ချင်းတွေက ပြခဲ့ပါတယ် ။ခြေလှမ်း သုံးလေးလှမ်းမှာ လဲကျသွားခဲ့တာပါ။

သူငယ်ချင်းတွေက အမူးလွန်လဲကျတဲ့သူကို ပြောင်းလှောင်ရယ်မော နေကြပါသေးတယ်၊ ပါးစပ်ကနေအမြုပ်တွေထွက်ပြီး တကိုယ်လုံးအကြောတွေဆွဲလာတော့မှ တတ်သမျှ နည်းတွေနဲ့  ၀ိုင်းကုသပေးခဲ့ကြပေမယ့် အချိန်နှောင်းသွားခဲ့ပါပြီ။

ကျွန်တော်သူ့ အဖြစ်ကိုမြင်ရပြီးနောက်နောင်ဆို ဘီယာအရက် ဘာကိုမှ ပြိုင်မသောက်တော့ဘို့  ဆုံးဖြတ်လိုက်ပါပြီလို့  အဆိုပါပြိုင်ပွဲမှာ ပါဝင်သူ အမျိုးသားတစ်ဦးက သတင်းဌာနကို ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

No comments:

Post a Comment